Chapter - 26 (ကျားကြီးရှီ/က်ားႀကီးရွီ)

1.7K 260 16
                                    

#unicode

ပြောင်းကွင်းသို့ လမ်းတစ်လျှောက်တွင် လော့ဖေးသည် ရှီယန့်ချင်းအား စကားအများကြီး မပြောခဲ့ပေ။ သူ အနောက်မှ အသစ်စက်စက်လက်ထပ်ထားသည့် ဇနီးငယ်ငယ်လေးတစ်ယောက်လို့ လိုက်နေစဉ် ရှီယန့်ချင်းက ရှေ့သို့ လျှောက်သွားလေသည်။ ရှီယန့်ချင်း လမ်းလျှောက်ချိန်တွင် သူလမ်းလျှောက်ပြီး ရှီယန့်ချင်း ရပ်လိုက်ချိန်တွင် သူရပ်သည်။ ထို့အပြင် ရှီယန့်ချင်း သူ့ကို တစ်ချက်လောက်ကြည့်ဖို့ ခေါင်းလှည့်လာသည်နှင့် သူ့ခေါင်းကို အဝေးသို့လှည့်ပစ်လိုက်သည်ပင်။

လက်စသတ်တော့ ဒေါသပေါက်ကွဲထွက်ရတာကို သဘောကျသည့် ဖြူကောင်ပေါက်လေးက သူ့ဆူးချွန်တွေအားလုံးကို လွှတ်ထုတ်လိုက်ပြီးပုံပင်။ သူ့ခင်မျာ ထပ်ပြီး ကြောက်ဖို့ကောင်းအောင်သရုပ်မဆောင်နိုင်တော့ပေ။ သူက ယုန်ဖြူလေးတစ်ကောင်သဖွယ် လိမ္မာကျိုးနွံလာပြီဖြစ်သည်။ သို့ပေမယ့် ရှီယန့်ချင်းမှာ ဒါက ယာယီလား အစဉ်ထာဝရလား မသေချာပါချေ။

အချိန်က အတော်လေး စောနေသေးပါသောလ်ည်း လယ်ထဲတွင် အလုပ်ရှုပ်နေကြသည့် လူများ ရှိနှင့်နေပြီဖြစ်သ်ည။ စုံတွဲလေးက ရှေ့တစ်ယောက် နောက်တစ်ယောက်အတူတူလမ်းလျှောက်လာသည်ကို မြင်ကြသောအခါ တစ်ယောက်ယောက်က သူတို့ကို နှုတ်ဆက်လာပြီး ပြောလေသည်။
"​လူလေးရှီတို့၊ မင်းတို့ လယ်ထဲ ဆင်းမလို့လား။"

"ဟုတ်တယ်၊ ကျွန်တော်တို့ ပြောင်းပင်ပေါက်တွေ သွားချဲမလို့ပါ။ ဘကြီးဟယ်၊ ဘကြီးလည်း ဒီနေ့ အလုပ်တော်တော်များနေတာလား။"
ရှီယန့်ချင်းက စိတ်အခြေအနေကောင်းနေတာကြောင့် သူတွေ့သမျှလူတိုင်းကို ပျော်ပျော်ရွှင်ရွှင်ပြုံးပြနေတော့သည်။

"ဒါပေါ့၊ အိမ်မှာ အလုပ်အများကြီးပဲ။ ငါမြန်မြန်မလုပ်ရင် ပြီးမှာ မဟုတ်ဘူး။ ဘကြီးက မင်းတို့လူငယ်တွေလောက် မသန်မာတော့ဘူးလေ။ မြန်မြန်လုပ်ရမယ်။"
ဘကြီးဟယ်ဟု ခေါ်သည့် လူကြီးက ရှီယန့်ချင်းနှင့်စကားစမြည်ပြောနေစဉ် အလုပ်လုပ်ရန် ခါးပြန်ကိုင်းလိုက်ရင်း ပြောလိုက်လေသည်။ 
"ဒါနဲ့စကားမစပ်၊ လူလေးရှီ၊ မင်းရဲ့ လယ်တစ်ကွက်က လူအိုကြီး ကျန်းတို့ဟာဘေးမှာမလား။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now