Chapter-7(လွမ်းဖျားလွမ်းနာကျပြီ)

2K 290 10
                                    

#unicode

နေ့တာမှာ မှောင်စပျိုးလာခဲ့ပြီးနောက်တွင် ဟွာဖင်းရွာရှိအိမ်များမှာ ခါတိုင်းကဲ့သို့ပင် အလွန်တိတ်ဆိတ်လာခဲ့ပါသော်လည်း ယနေ့ညတွင်တော့ ဒယ်အိုးနှင့် စလောင်းဖုံး ရိုက်ခတ်သံများကို ကြားနေရပေသည်။

လော့ဖေးသည် အိုးနှုတ်ခမ်းအားကြည့်ရင်း ဆောင့်ကြောင့်‌ထိုင်နေခဲ့ပြီး သူ၏ချောမောခန့်ညားသည့်မျက်နှာလေးအား မုန့်ကြိုးလိမ်(မာ့ဟွာမုန့်)တစ်ချောင်းနှယ် ရှုံ့မဲ့ထားလေသည်။

"အိုက်ယား အဖေ၊ ကျွန်တော်က ရှီအိမ်မှာ ရေလေးချိုးခဲ့ရုံပဲလေ‌ဗျာ။ တခြားသူတွေလည်း သိကြတာမှမဟုတ်တာ၊ ဒီအကြောင်းသိတာဆိုလို့ ကျွန်တော်တို့ မိသားစုပဲရှိတာကို။ အဖေသာမပြောရင် ဘယ်သူမှလည်း အတင်းအဖျင်းပြောနိုင်မှာမဟုတ်ဘူးလေ။ ပြီးတော့ ဘယ်သူကရော အပြင်ထွက်ပြီးလျှောက်ပြောနေမှာလဲလို့။ ဘယ်သူမှမပြောရင် ဘယ်သူမှ မသိနိုင်ဘူးလေနော်။ အဖေကဘာလို့ ဒီလောက်ထိဒေါသထွက်နေရတာလဲလို့။"

လော့ထန်းသည် သူ၏အင်္ကျီလက်စအား ‌ချိုင်းအောက်ထိ လိပ်တင်လိုက်ပြီး သူ့လက်ထဲရှိပန်ကိတ်လေးမှာ နှစ်ပိုင်းပိုင်းခံလိုက်ရလေသည်။
"မင်းကများပြန်ပြောရဲသေးတယ်! ငါဘာလို့များ ဒီလောက်ထိဒေါသထွက်နေတယ်လို့ မင်းထင်လဲ၊ ဟမ်?!"

လော့ဖေးမှာ ထိုအကြောင်းတွေးကြည့်မိသည်။
~အဲ့ဒီဒေါသက ဘယ်ကနေစဖြစ်လာလဲဆိုတာတောင် ကျွန်တော်မသိဘူးလို့! ရေချိုးရုံလေးပဲမဟုတ်ဘူးလာ။ ဘာများမှားနေလို့လဲ! အပြင်လူတွေတောင်မသိပါဘူးဆို!~

လော့ထန်းသည် ဘယ်လိုတောင်လော့ဖေးတစ်ယောက် တခြားသူတွေပြောတာ‌နားမထောင်ပဲ သူလုပ်ချင်ရာသူလုပ်နေလဲဆိုတာကို တွေ့လိုက်ရပြီး စိတ်တိုနေလေတော့သည်။
"အိုး....လော့အာ့ပေါင်(ဒုတိယကလေးလေး)၊ ဒီအဖေက မင်းနဲ့ ငြင်းခုံနေမှာမဟုတ်သလို မင်းပြောမဲ့ အသုံးမဝင်တဲ့ဟာတွေကိုလည်း မကြားချင်တော့ဘူး! ငါမင်းအမေနဲ့ ရက်ကောင်းရက်မြတ်တစ်ရက်ရွေးပြီးရင် မင်းလက်ထပ်ကိုထပ်ရမယ်ဆိုတာပဲ မှတ်ထား! ကျိန်းသေလက်ထပ်ရမယ်! မင်း ငါပြောတာကြားလား!"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now