Chapter-4(Hiss)

2.6K 362 26
                                    

#unicode

သူရင်ဆိုင်နေရသည့်ပြဿနာမှာ ပြင်းထန်လွန်းသောကြောင့် လော့ဖေးမှာ ရှီယန်ချင်းနှင့် စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ သူ့တွင်ဖြေရှင်းရမည့် ပို၍အရေးကြီးသော ပြဿနာရှိနေသည်လေ။ ထင်းခုတ်ရမယ်! ဒီခေတ်မှာ လူတွေသုံးနေကျဖြစ်သည့် 'အိမ်သာသုံးစက္ကူ'မှာ တစ်ခါသုံးမဟုတ်၊ အသုံးပြုပြီးနောက် ပြန်လည်ဆေးကြော၍ သုံးကြရတာ ဖြစ်သည်။ ပို၍ဆိုးသည်က လော့မိသားစုမှာ တစ်ခုတည်းကို ဝေမျှသုံးကြခြင်းပင်!!! သုံးပြီးနောက် ပြန်လည်ဆေးကြောရသည်ဆိုလျှင် ထိုအရာမှာ တကယ်တမ်း၌ အစကတည်းက တခြားသူသုံးပြီးသားလည်းဖြစ်ကောင်း‌ဖြစ်နိုင်လိမ့်မည်ဟု လော့ဖေးတွေးမိလိုက်သည်။ သူသည် ထိုအလေ့အကျင့်နှင့်ပတ်သက်၍ အပြင်အတန်ကို စိတ်ဓာတ်ကျနေပေတော့သည်။ ဒါက သူ့ကို ခေါင်းတစ်ခြမ်းတည်းတောင်မဟုတ် တစ်ခေါင်းလုံးကိုက်စေသည်။ အာ.............ဒီပြဿနာက တအားဒုက္ခရောက်တာပဲကွာ!

ရေဆွဲအိမ်သားများမှာ ကမ္ဘာချီးကျူးစရာအကောင်းဆုံးတည်ထွင်မှုများထဲမှ တစ်ခုဟု သူရုတ်တရတ်ခံစားလိုက်ရသည်။ သူတစ်ခါမျှပင် ထိုအရာနှင့်ပတ်သက်၍ အံ့အားမသင့်ခဲ့ဖူးပေမယ့် ယခုတော့ သူ အံ့ဩမိလာရသည်။ နောက်ဆုံးမှာတော့ သူတန်ဖိုးထားတတ်လာခဲ့ပြီဖြစ်သည်။ လော့ဖေးအိမ်ပြန်ရောက်ချိန်တွင် 'အိမ်သာသုံးစက္ကူ'အဖြစ် အသုံးပြုနိုင်မည့် သစ်သားကို စတင်ရှာဖွေလေတော့သည်။ သစ်ရွက်ကို အသုံးပြုရန်လည်း သူတွေး‌မိသေးသည်။ သို့သော် ဤရာသီတွင် မြောက်ပိုင်းဒေသရှိ သစ်ပင်များမှာ ခြောက်ကပ်နေပြီဖြစ်ပြီး မည်သည့် သစ်ရွက်မျှမရှိပေ။ ကံကောင်းထောက်မ၍ ဟွာဖင်းရွာပတ်လည်တွင် အပင်အမျိုးအစားအစုံပေါက်ရောက်သည့် တောင်ကြီးနှစ်လုံးရှိသောကြောင့် သူသည် တုတ်ချောင်းကို လွယ်လင့်တကူ ရှာတွေ့နိုင်ပေသည်။ အထူးသဖြင့် သည်ရာသီတွင် မိသားစုတိုင်း၌ ထင်းအချို့ ပြင်ဆင်ထားလေ့ရှိသည်။ သို့သော် တကယ့်ပြဿနာမှာ သူခုတ်လိုက်သည့်အချိန်တွင် သစ်သားမှာ ကွဲထွက်သွားပြီး မျက်နှာပြင်သည် အလုံအလောက်ချောမွေ့မနေချေ။

"ဒုတိယအစ်ကို၊ အစ်ကိုဘာလုပ်နေတာလဲ။"
လော့ရိသည် သူ့အစ်ကိုကိုကြည့်လိုက်မိသည်။ သူ့အစ်ကိုမှာ အိမ်ပြန်ရောက်လာသည်နှင့် ချက်ချင်းပင် ထင်းသိုလှောင်ခန်းထဲ ပြေးဝင်သွားပြီး အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့သည်ကို တွေ့လိုက်ရသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now