Chapter - 31.1 (ကောက်ညှင်းထုပ်ကြိုးကို ညင်သာစွာ ဖြည်ခြင်း)

1.1K 179 3
                                    

#unicode

အစကတော့ လော့ဖေးသည် သူချုပ်ထားသည့် အမွှေးအိတ်များထဲမှာ တစ်အိတ်မှာ ကျန်းယန်းဖန်၏ လက်ထဲသို့ ရောက်သွားမှန်း မသိခဲ့ပေ။ သူ ဈေးဆိုင်မှ ပြန်လာပြီးကတည်းက သူ့ပိုက်ဆံတွေကို ရေတွက်နေခဲ့တာဖြစ်သည်။ သူ ဒီလောက်နည်းနည်းလေးပဲ ရှာနိုင်ချိန်မှာ သူဋ္ဌေးလီက ဘယ်လိုတောင် အများကြီးရှာနိုင်ကြောင်း တွေးမိချိန်တွင် သူ့နှလုံးသားလေးက တနည်းတဖုံ စိတ်ပျက်မှုတို့ကို ခံစားနေရသေးဆဲဖြစ်သည်။ သို့သော် အဆုံးတွင်တော့၊ ၎င်းက မျှော်လင့်ထားသည်ထက်တော့ ပိုသာပါသေးသည်။ အနည်းဆုံးတော့ သူ အနိမ့်ဆုံးအမှတ်မရခဲ့ပဲ အမြတ်တစ်ခုတော့ သူ ရှာနိုင်ဆဲဖြစ်သည်လေ။ ဒါက မကောင်းလို့လား။

ရောင့်ရဲနိုင်တဲ့သူက ပျော်ရွှင်ရတာလေ၊ ဟုတ်တယ်မလား။

လော့ဖေးသည် နောက်တစ်နေ့တွင် ပိုက်ဆံများ ခွဲပေးဖို့ ဟန်ရှုအား သွားရှာလိုက်သည်။ သို့သော် မမျှော်လင့်ထားပါဘဲ ဟန်ရှုက ရှိမနေပေ။ ဟန်ရှု၏ အမေဘက်မှ အဖွားဖြစ်သူက ကျန်းမာရေမကောင်းသည်ဖြစ်ရာ သူမ၏ မြေးလေးအား သတိရလွမ်းဆွတ်ကြောင်းပြောလာ၍ ဟန်ရှုနှင့် ဟန်ယန်းတို့မှာ သူတို့၏ အဖွားအိမ်သို့ သွားကြလေသည်။ ဟန်ရှုအမေပြောသည်ကို နားထောင်ပြီးနောက် ဟန်ရှုတစ်ယောက် နဂါးလှေပွဲတော်ပြီးသည်ထိ ပြန်မလာမှာကို သူစိုးရိမ်နေမိတော့သည်။ လော့ဖေးမှာ ယင်းအကြောင်းတွေးမိပြီး ထိုအကြောင်းပြောဖို့ သူပြန်လာသည်အထိစောင့်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

မနက်စောစော ဦးဆုံးအလင်းရောင် မှုန်ပြပြအချိန်တွင် လော့ဖေးတစ်ယောက် အိမ်ရှိ ကြက်များနှင့် ဘဲများကို အစားကျွေးရင်း အလုပ်ရှုပ်နေတုန်း ရှီယန့်ချင်းသည် သူ့ကျောပေါ်၌ သံပေါက်ပြားငယ်ရယ်၊ ပေါက်တူးရယ်တို့ကို သယ်၍ တောင်ပေါ်သို့ ထပ်တက်သွားလိုက်သည်။ ဘဲငါးကောင်က သူ့မိသားစုထံမှဖြစ်ပြီး ၎င်းတို့က ရက်ပေါင်းများစွာ မွေးမြူထားပြီးဖြစ်သည်။ ကြည့်ရတာ လီယွဲ့ဟွာက ကြက်ပေါက်ကလေးများအတွက် သူမသား ပိုက်ဆံပေးခဲ့သည့်အကြောင်း တွေးမိ၍ ဖြစ်လိမ့်မည်။ ထို့ကြောင် သူမက ဘဲတချို့အား ပို့လိုက်လေတော့၏။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now