Chapter - 29 (part 2)

1.1K 233 5
                                    

Unicode

"စန်းပေါင်ရေ! ချင်းကောနဲ့ ကောတို့ ဒီညနေ ညစာလာမစားဖြစ်တော့ဘူး။ အဲ့တာကြောင့် မင်း ဘာသာပဲ စားလိုက်တော့နော်။"
လော့ဖေးက လော့အိမ်ထဲသို့ ဝင်လာလိုက်ပြီး ကျန်သည့် မိသားစုဝင်များ ပြန်မရောက်သေးကြောင်း သတိပြုမိလိုက်ရာ အပြုံးလေးတစ်ပွင့်နှင့် ပြောလိုက်တော့သည်။

"အာ? ဘာလို့လဲ၊ အာ့ကော။"
ထိုအခိုက်၌ လော့ရူမှာ ငါးနှပ်ထဲသို့ ကြာဆံထပ်ထည့်ဖို့ စဉ်းစားနေဆဲဖြစ်သည်။

"အိုက်ယိုး၊ ကော အခု အမေ့ကို တွေ့ရမှာ ကြောက်တယ်။ ပြီးတော့ သူ ကောကို မြင်တာနဲ့ ကလေးအကြောင်း မေးလာလောက်တယ်။ အဲ့အပြင်၊ ချင်းကော ဒီလောက်စောစော အိမ်ပြန်လာတာလည်း ရှားတယ်လေ။ ကော သူ့ကို စကားနည်းနည်းလောက် ပိုပြောချင်သေးတယ်။"
လော့ဖေးက အမှန်အတိုင်း ပြောပြလိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မကြာခင် နဂါးလှေပွဲတော်ရောက်ပြီလေ။ ပြီးတော့ ကော အဲ့အခါကျ အိမ်ပြန်လာရမှာပဲ။"
လော့​ရူက ပြုံးလိုက်ပြီး
"နောက်မှ ဖက်ထုပ်ပိုထုပ်ကြတာပေါ့။"

"ကောင်းပြီ။ အသားဖက်ထုပ်လုပ်ကြတာပေါ့။"

"အသားဖက်ထုပ်လား။ အဲ့တာဘာလဲ။"
လော့ရူမှာ ထိုသို့သော ဖက်ထုပ်မျိုးကို တခါမှ မကြားဖူးပါပေ။
ဖက်ထုပ်ဆိုတာ ကောက်ညှင်းပေါင်းပေါ်မှာ ဆီးသီးနှစ်လုံးတင်ပြီး ဝါးရွက်နဲ့ ထုပ်ထားတဲ့ ဟာလေးပဲမဟုတ်ဘူးလား။

"အဲ့တာက.......စွန်ပလွံသီးအစား အသားသုံးလိုက်ရုံလေးပါ။ အသားအရသာက ချက်ပြီးတဲ့အခါကျ ဝက်သားနှပ်လိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ တအားမွှေးတယ်ကွာ!"

"အာ့ကော၊ ကော အဲ့တာကို ဘယ်လိုလုပ်ရလဲသိလား။"

"ကောလား။ ကောလည်း.......အမ်း၊ ကော နောက်မှ ချင်းကောကို မေးကြည့်လိုက်မယ်။ ကော ဒါကို သူ့ဆီကပဲ ကြားခဲ့ဖူးတာ!"

"ဒါဆို အချိန်ကျလာတဲ့အခါ စမ်းချက်ကြည့်ပေါ့။"
လော့ရူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် အဲ့တာက အရသာရှိနိုင်ပါ့မလား။"
အသားဖက်ထုတ်တဲ့လား! တွေးကြည့်တာတော့ နည်းနည်း ထူးဆန်းသားပဲ........

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now