Chapter - 35.1 (ဒဏ်ရာရသွားတဲ့ ချင်းကော/ဒဏ္ရာရသြားတဲ့ ခ်င္းေကာ)

742 122 7
                                    

#Unicode

ဇူလိုင်လထဲ ဝင်လာသည်နှင့် မိုးကလည်း မကြာခဏရွာတော့သည်။ ရွာအဝင်လမ်းမကြီးပင် လမ်းလျှောက်ဖို့ ခက်လာလေရာ တောင်တက်လမ်းဆိုလျှင်တော့ ပြောမနေလေနှင့်တော့။ သို့ပေမယ့် မိုးက ရွာဖို့ လိုချိန်မှသာ ရွာပြီး ကောက်ပဲသီးနှံများအတွက် အကျိုးကျေးဇူးအများကြီးပေးလေသည်။ သို့စေကာမူ၊ လယ်အလုပ်မရှိသည့် အချိန်တိုင်း တောင်တက်ရသည်ကြောင့် ရှီယန့်ချင်းအတွက်တော့ အနည်းငယ် ဒုက္ခများရလေပြီ။ နေသာချိန်မှ သူ တောင်တက်ရသည်ဆိုသော်လည်း မိုးရွာလိုက်သည်နှင့် နှစ်ရက်သုံးရက်လောက် တောင်မတက်နိုင်တော့ပေ။ ဤသို့ ဖြစ်လာပါက သူ့ဆေးစုဆောင်းခြင်းကို တကယ်ပင် နှောင့်နှေးစေမည်ဖြစ်သည်။

အရင်တုန်းက ရှီယန့်ချင်းသည် ဆေးဆိုင်သို့ ဆေးသွားပို့ပေးချိန်၌ ဆိုင်ရှင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ နောက်အကျဆုံးဆို၊ သူ ခုနှစ်ရက် တစ်ခါလောက် သူတို့ဆီ ဆေးပို့ပေးရမည်ပင်။ သုံးလို့ရတာ တစ်ခုခုရှိနေသ၍ ဘယ်လောက်များများ စုမိသည်က အရေးမကြီးပေ။ သူတို့ သဘောတူညီမှု လုပ်ခဲ့သည့် အချိန်ကတည်းက တစ်ကြိမ်လျှင် ခုနှစ်ရက်ထက် တစ်ခါမှ မပိုခဲ့ဖူးပါချေ။ ဒါပေမယ့် ဒီတစ်ချိန်တွင်တော့ ဆယ်ရက်ပင် ရှိတော့မည်ဖြစ်ပြီး အသုံးဝင်တာတစ်ခုမှပင် သူမစုဆောင်းနိုင်သေး။ ၎င်းက ရှီယန့်ချင်းအား တနည်းနည်းဖြင့် အတော်လေး အထိတ်တလန့်ဖြစ်စေသည်။

မြောက်ပိုင်းတွင် ဆေးဖက်ဝင်သစ်ဥသစ်ဖု စုဆောင်းခြင်းက တောင်ပိုင်းတွင်စုဆောင်းခြင်းလောက် မကောင်းမွန်ပေ။ တောင်ပိုင်းတွင် လေးရာသီလုံး ဆေးဖက်ဝင်အပင်များကို စုဆောင်းဖို့ ဖြစ်နိုင်လေသည်။ ဆန့်ကျင်ဘက်အနေနှင့် မြောက်ပိုင်းတွင်တော့ ဆေးဖက်ဝင်ပင်စုဆောင်းဖို့ နှစ်ရာသီသာ ရှိလေ၏။ သူ ဒီအချိန်အပိုင်းအခြားကိုသာ လွတ်သွားပါက နောက်နှစ်ရောက်သည်အထိ စောင့်ရတော့မည်ဖြစ်သည်။

ရှီယန့်ချင်းမှာ ပိုက်ဆံရှာဖို့ စိုးရိမ်ကြောင့်ကြနေမိပေမယ့် လုံခြုံရေးကိုလည်း ဂရုစိုက်ပါသေးသည်။ ထို့ကြောင့် မိုးရွာရင် သူ တောင်ပေါ်မတက်ခဲ့ပေ။ သို့ပေမယ့် မိုးတိတ်သွားချိန်မှာတော့ သူ သည်းမခံနိုင်တော့ပေ____အဓိကကတော့ သမားတော်လျန်က ရှီယန့်ချင်းကို လာရှာပြီး မန်ချူးရီးယားဂျင်းရိုင်း ရှိသလား မေးခဲ့တာကြောင့်ဖြစ်သည်။ အချိန်နှောင်းနေပြီဖြစ်၍ ဤ‌ဆေးဖက်ဝင်အပင်မျိုးမှာ ရှားနေပြီဖြစ်သည်။ ရှီယန့်ချင်းသည် ၎င်းဘယ်နေရာတွင်ရှိမှန် အမှန်တကယ်ပင် သိနေခဲ့ပြီး ထိုအချိန်တုန်းက ၎င်းကို ကန်းစွန်းဥ အရွက်များနှင့်တူသည်ဟု တွေးခဲ့မိသေးသည်။ ၎င်းကို သူ အဲ့တုန်းက သတိမထားမိခဲ့၍ မခူးခဲ့ခြင်းသာဖြစ်၏။ ထို့အစား သူတောင်ပေါ်က ဆင်းလာပြီးအတော်ကြာပြီးနောက် ဆေးဖက်ဝင်အပင်များအကြောင်း စာအုပ်ဖတ်နေရင်းမှသာ ၎င်းက စိတ်ထဲဝင်လာခဲ့ရသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now