835 141 6
#Unicode
ကျန်းယန်းဖန်၏ တုံ့ပြန်မှုမှာ အတော့်ကို မြန်လှသည်။ သူက ရှီယန့်ချင်းတစ်ယောက် သူ့အကြောင်း ပြောနေသည်အား အလျင်အမြန်ခန့်မှန်းမိလိုက်၏။ သို့ပေမယ့် သူ တကယ်ကြီး ပြန်ဖြေလို့ ရပါ့မလား! သူ့ရဲ့အသားအရောင်မှာ ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ရှီယန့်ချင်းကို ဒေါသတကြီး စိုက်ကြည့်ပစ်လိုက်သည်။ ရှီယန့်ချင်းက  ဘယ်လိုလုပ်ပြီး ကျောင်းပိုင်နင် သူ့ကို ဦးထုပ်စိမ်းဆောင်းပေးလိုက်သည်အား သိနေရသည်ကို သူနားမလည်နိုင်တော့ပေ။ ရှီယန့်ချင်းမှာ သူခန့်မှန်းမိသွားပြီဆိုတာ သိသွားတော့ ရယ်မောကာ လေချွန်ရင်း လမ်းလျှောက်ထွက်သွားတော့၏။ ဒီစိတ်အခြေအနေက အနိုင်ပိုင်းခံရဖို့ တောင်းဆိုနေတာပဲ!
ထိုတိုက်ဆိုက်မှုပြီးနောက် ကျန်းယန်းဖန်တစ်ယောက် အချိန်အတော်ကြာ မျက်နှာထွက်မပြတော့ပေ။
ခေတ်အဆက်ဆက် ဗီလိန်အများစုမှာ ဘုံပြဿနာတစ်ခုရှိပြီး ၎င်းကတော့ ကမ္ဘာပေါ်ရှိ လူတိုင်းက သူတို့လိုပဲ ဖြစ်လိမ့်မည်ဟု တွေးတောကြခြင်းပါပင်။ ကျန်းယန်းဖန်းမှာ ရှီယန့်ချင်းက သူကျောင်းပိုင်နင်၏ ဦးထုပ်စိမ်းဆောင်းပေးခံရသည့်ကိစ္စအကြောင်း လျှောက်ပြောလို့ တစ်ရွာလုံးက သူ့ကိုဟားတိုက်နေမည်အား အမြဲမပြတ် စိုးရိမ်ကြောင့်ကြနေရ၏။ ထို့နောက် မြို့ထဲရှိ လူများနှင့် သူ့အတန်းဖော်များပါ သူ့ရဲ့ ရှက်စရာကိစ္စကို သိသွားကြလိမ့်မည်ဖြစ်ပြီး ယောက်ျားတစ်ယောက်အနေနှင့် သူခေါင်းပြန်ထောင်နိုင်စွမ်း မရှိတော့လောက်ပေ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ရှီယန့်ချင်းက သတင်းဖွတတ်သည့် လူမျိုးမဟုတ်ပေ။ သမားတော်လျန်က သူ့ကို သဘောကျပြီး ပြောပြလို့သာ သူသိခဲ့ရခြင်းဖြစ်လေသည်။
သို့ပါသော်လည်း ကျန်းယန်းဖန်သည် ရှီယန့်ချင်းက အတင်းလျှောက်ပြောတတ်သည့် လူမျိုးမဟုတ်ကြောင်း နားလည်သဘောပေါက်လိုက်သည့်အချိန်တွင် ရွာထဲရှိ လူများမှာ ထိုအကြောင်းအား ရွာထဲတွင် သတင်းမှားမျိုးစုံကို မြန်မြန်ဆန်ဆန်ပျံ့နှံ့စေခဲ့သည့် အခြားအခြားသော အရင်းအမြစ်များမှတစ်ဆင့် သိထားပြီးကြပြီဖြစ်သည်။
ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now