Chapter - 24 (စောင်လေးတစ်ထည်/ေစာင္ေလးတစ္ထည္)

1.9K 300 10
                                    

#unicode

လော့ဖေး စိတ်ကူးမိလိုက်သည့် အရာကို   လုပ်လိုက်မိလေသည်။ ကြက်ပေါက်လေးများကို အိမ်ပြန်သယ်လာပြီးနောက်၊ သူ ကျားကြီးကို အမွှေးတွေနုတ်ဖို့ တကယ်သွားရှာလိုက်၏။ ဒါပေါ့၊ ဒီ'အမွှေးနုတ်'တာက ဟို'အမွှေးနုတ်'တာတော့မဟုတ်ဘူးပေါ့။ လော့ဖေးက အိမ်က ကြက်ဖကြီးရဲ့ အမွှေးတွေကို နုတ်ချင်နေတာဖြစ်သည်။ နောက်ဆုံးကျ အခု အိမ်မှာ နေထိုင်စရိတ် အများကြီး မကျန်တော့ဘူးလေ။

အစတုန်းက လော့ဖေးလက်ထဲမှာ ပိုက်ဆံနည်းနည်းရှိခဲ့သည်။ သို့ပေမယ့် အဲ့တာတွေကို အစားအစာဝယ်ဖို့ သုံးလိုက်ရ၏။ ဆီ၊ ဆားနှင့် ရှာလကာရည်တို့မှာလည်း ပိုက်ဆံကုန်လေသည်။ ထို့အပြင် သူတို့ ကြောင်အိမ်ထဲကို ထပ်ထည့်ထားသည့်ပန်းကန်လုံးများနှင့် ပန်းကန်ပြားများက အလကားရသည်မဟုတ်။ ရှီယန့်ချင်းက လယ်ထဲမှာ နေ့တိုင်းနေ့တိုင်း အလုပ်များနေရပြီး အချိန်မရတာ ရှင်းနေသည်သာ။ ထို့ကြောင့် ထိုအရာတွေဝယ်သည့်အရေးကိစ္စမှာ သဘာဝကျကျပင် လော့ဖေး တာဝန်ဖြစ်လာတော့၏။

အစကတော့ သူတွေးထားသည်က အသုံးစာရိတ်တွေကို ရေးမှတ်ထားပြီး နောက်မှ ရှီယန့်ချင်းထံမှ စိုက်ထားသည့် ပိုက်ဆံကိုပြန်တောင်းလိုက်မည်ဟုပင်။ သို့သော် ဒါတွေအကုန်လုံးကို ဝယ်လိုက်ပြီးနောက် သူတို့နှစ်ယောက် အမြဲတမ်းအတူတူစားကြသည့်အကြောင်း တွေးမိသွားတော့၏။ ထိုအရာတွေအားလုံးအတွက် ရှီယန့်ချင်းကသာ အထူးတလည်ပေးနေရသည်က ကျိုးကြောင်းမညီညွတ်ပေ။ ထို့အပြင်၊ ဤပိုက်ဆံများက မူလကတည်းက ရှီယန့်ချင်းထံမှဖြစ်သည်။ ထို့ကြောင့် သူဘာမှပြောမနေလိုက်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်အတွက် လိုအပ်တဲ့ အရာအားလုံးကို သူ့အပိုင်ပိုက်ဆံနှင့် ဝယ်နိုင်ခဲ့သည်လေ။ ယနေ့တော့ သုံးယွမ်ကုန်ပြီ၊ မနက်ဖြတ်က ငါးယွမ်ပင်။ သူ နေ့တိုင်း သိပ်အများကြီး မသုံးပုံရပေမယ့် ပိုက်ဆံများအားလုံးကို ဤကဲ့သို့ နည်းနည်း နည်းနည်းချင်း သုံးမိနေပုံပင်။ ကြက်ပေါက်လေးများဝယ်ပြီးနောက် လော့ဖေးတွင် ကြေးစေ့ငါးစေ့သာကျန်တော့လေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now