Chapter - 33.2(‌ေရနွေးအိုးထဲက တီကောင်)

633 112 5
                                    

#Unicode

မုလင်က လော့ဖေးအား အနီရောင်အဝတ်နှင့်ပတ်ထားသည့် မန်းဒရင်ဘဲလေးအား ဝိုင်းရှာပေးပြီး သူ့အားပေးလာသည်။ ၎င်းကို ယူလာလိုက်ပြီး ဟန်ရှုအားပေးလိုက်၏။ ဟန်ရှုမှာ ၎င်းအား သူ့လက်လေးနှင့် ထိကြည့်လိုက်မိသည်။
"ဘဲလား!"

လော့ဖေးတစ်ယောက် ပြောစရာပျောက်ရှသွားရတော့သည်။
"ဘာဘဲလဲ! မဒရင်းဘဲကွ! မင်းရဲ့ပျော်စရာနေ့ထူးရက်မြတ်လေးမှာ ငါကဘာကိစ္စဘဲတစ်ကောင်ပို့ပေးရမှာလဲ!"

ဟန်ရှုမှာ ထိုအကြောင်း တွေးကြည့်လိုက်ပြီး အဝတ်အိတ်လေးအား ပျော်မြူးစွာဖွင့်ကြည့်လိုက်ရာ အောက်ခြေအဖြစ် ရွှေရောင်ဖျော့ဖျော့ဖဲသားတစ်စုံကို တမုဟုတ်ချင်းတွေ့လိုက်ရပြီး ဝါဂွမ်းလေးများဖြည့်ထားသည့် မဒရင်းဘဲသေးသေးလေးများက မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့သည်။ ဤမန်းဒရင်းဘဲသေးသေးလေးတစ်ခုစီမှာ လူကြီးတစ်ယောက်၏ လက်သီးတစ်လုံးစာအရွယ်ရှိသည်။ ပန်းထိုးထားသည့် မန်းဒရင်းဘဲခေါင်းလေးမှာ ဖြူပြာစာကလေးငှက်သဏ္ဍာန်ဆောင်ပြီး အနီရောင်ပိုးသား, သားမွေးချည်မျှင်များနှင့် လည်ပင်းအထိဆင်းသွားရာ လိမ္မော်ရောင်ပိုးချည်မျှင်များက ထိပ်မှအောက်ခြေသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ငှက်မွေးလေးများက တကယ့်အစစ်နှင့်တူလှကာ တစ်ချောင်းချင်းတစ်ချောင်းချင်းထိုးထားလေရာ အလွန်လှပပြီး တောက်ပနေတော့သည်။

ဟန်ရှုကိုမပြောလေနှင့် ထျန်းဝမ်ယွိသည်ပင်လျှင် အကြည့်မလွှဲနိုင်တော့ပေ။ ဤသို့သော လက်ရောက်မြောက်လှသည့်ပန်းထိုးပစ္စည်းမျိုးကို သူတစ်ခါမှမမြင်ဖူးပါချေ!

"ငါအချိန်တွေအများကြီးသုံးထားရတာ၊ ဒါကို မင်းအိမ်ထဲမှာ ချိတ်ထားလိုက်။ မင်းနဲ့ မင်းရဲ့လက်သမားကောကောတို့ နှစ်တစ်ရာတိုင်အောင် တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြလိမ့်မယ်လို့ ငါအာမခံတယ်။"
လော့ဖေးက ပြုံးကာပြောလိုက်သည်။
"ကြိုက်ရဲ့လား။"

"ကြိုက်တာပေါ့! ငါအရမ်းကြိုက်တယ်။ အိုး၊ ဘုရားရေ!"
ဟန်ရှုမှာ ၎င်းကိုသာကြည့်နေမိပြီး အချိန်အတော့်ကိုအများကြီး သုံးခဲ့ရလိမ့်မည်ဟု ခံစားနေရသည်။ အထူးသဖြင့် လည်တိုင်ပေါ်ရှိ အမွှေးများပင်။ သူ ဒါကို ဘယ်လိုတောင် သောက်ကျိုးနည်းထိုးထားတာပါလိမ့်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now