#unicode
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ လော့ဖေးအိမ်ပြန်ရောက်သည့် အချိန်တွင် အိမ်ရှိ သူ့အမေနှင့် ညီမလေးသည်လည်း အပ်ချုပ်နေခဲ့လေသည်။ အတိအကျပြောရလျှင် လော့ရူအား လီယွဲ့ဟွာက ထိုအရာကိုညွှန်ပြ၍ သင်ကြားပေးနေစဉ်ဖြစ်သည်။ သို့သော်လည်း လော့ရူမှာ စိတ်များရှုပ်မလာခင် အနည်းငယ်သာ ချုပ်နိုင်လေသည်။
"အိုက်ယား၊ မား၊ သမီး ကောင်းကောင်းမချုပ်တတ်ဘူးလို့! သမီးတို့ထပ်မချုပ်လို့မရဘူးလားဟင်!"
"သေချာပေါက်မရဘူးပေါ့!"
လီယွဲ့ဟွာက အခိုင်အမာပြောလိုက်၏။
"စဉ်းစားကြည့်၊ မိသားစုတိုင်းမှာ မိန်းကလေးတစ်ယောက်ဆိုတာ အချုပ်အလုပ်လုပ်ဖို့တာဝန်ရှိတဲ့သူလေ။ သမီးချုပ်တာက သမီးအစ်ကိုချုပ်သလောက်တောင်မကောင်းဘူးဆို လူရယ်စရာဖြစ်နေလိမ့်မယ်! ပိုပြီး ပိုပြီး လေ့ကျင့်ရမယ်။ ပိုလေ့ကျင့်ရင် သမီးလုပ်တတ်လာလိမ့်မယ်။ နောက်ပိုင်း သမီးလက်ထက်ပြီးရင် သမီးဝတ်မယ့်အဝတ်တွေက သူဖုန်းစားတစ်ယောက်ရဲ့ဟာတွေနဲ့တူနေလိမ့်ဦးမယ်။ မရှက်ဘူးလား။""အဲ့လိုမဖြစ်ချင်ပါဘူး၊ ဒါပေမယ့် သမီးမှကောင်းကောင်းမချုပ်တတ်တာ။ သမီးက ဘာလုပ်နိုင်ဦးမှာလဲလို့။ မား အာ့ကောကို မွေးလိုက်တုန်းက ဒီအရည်အချင်းတွေကို သူကို လက်ဆင့်ကမ်းပေးလိုက်တာပဲ ဖြစ်ရမယ်။ သမီးအလှည့်လည်းရောက်ရော သေးသေးလေးတောင်မကျန်တော့ဘူး!"
လော့ရူတစ်ယောက်ဆူညံသံကိုကြားလိုက်ရပြီး လော့ဖေးအားမြင်လိုက်ရသောအခါ ပါးစပ်အားအလျင်အမြန်ပိတ်လိုက်ကာ အလိုလိုက်ခံထားရသလိုပြုမူရင်း ပြောလိုက်၏။"အာ့ကော၊ ကော အချိန်ကိုက်ပြန်ရောက်လာတာပဲ။ ညီမလေးကိုကူပါဦး။"
"သေချာပေါက်ကူရမှာပေါ့!"
လော့ဖေးက စိတ်ကောင်းဝင်နေပြီး တစ်ခုခုချုပ်ပေးခိုင်းတာမပြောနှင့် အဝတ်အစားအသစ်တစ်စုံလုံးချုပ်ခိုင်းရင်တောင် သူသဘောတူလိုက်ဖို့ တုံ့ဆိုင်းနေမည်မဟုတ်ပေ။"သေချာပေါက်၊ ဘာကိုသေချာပေါက်လဲ! မင်္ဂလာဝတ်စုံကို မင်းဘာသာချုပ်ရမယ်ပေါ့! အာ့ပေါင်၊ မင်း စန်းပေါင်ကို ကူလို့မရဘူး။"
လီယွဲ့ဟွာက သူမ၏သမီးအား မျက်နှာထားတင်းတင်းနှင့်ကြည့်လိုက်သည်။
"ဒီည ဒီအင်္ကျီလက်ကို ချုပ်လို့ပြီးမှ အိပ်ရမယ်၊ နားလည်လား!"
YOU ARE READING
ဒီစေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)
RomanceAuthor - 困成熊猫 Status - completed (chp-97+extra-12) I don't own this novel and have any allowance. So if there's any problems concerned with copyright, I'll delete this. I hope you all like my translation ❣️❣️