Chapter - 25 (လော့ 'အကျိအချွဲတစ်ခုကိုတောင် အနိုင်မပိုင်းနိုင်တဲ့' ဖေး)

1.6K 248 12
                                    

ဒီအပိုင်းက a little warning ပါ။

#unicode 

ဤအခိုက်တွင် အမှောင်ထုက ရှီယန့်ချင်း၏ ဂရုတစိုက်စူးစမ်းလေ့လာခြင်း သတ္တိကို တိုးပွားလာစေသည်။ ရှီယန့်ချင်းသည် သူ၏ နူးညံ့ချောမွတ်သည့် ဝမ်းဗိုက်အသားအရေကို ထိတွေ့ခြင်းမှ အာရုံခံနေလေသည်။ လော့ဖေးကထုတ်မပြောသော်လည်း သိသိသာသာ လက်ခံပေးထားသည်။ သူက အမှန်ပင် ထုတ်မပြောပဲ သိသိသာသာ လက်ခံပေးထားသည်ပင်။ လော့ဖေးက သူ့ကို တွန်းမထုတ်ဘူးလေ။ ပြီးတော့ ဒါက သူ့ နှလုံးသားလေးအား ထပ်ဆောင်းယုံကြည်စိတ်ချမှုတစ်ခုကို ခံစားရစေလေသည်။

တကယ်တော့ လော့ဖေးမှာ ဤအခိုက်အတန့်၌ အလွန်စိတ်လှုပ်ရှားနေလွန်းလို့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေခဲ့တာဖြစ်သည်။ ဒီလိုခံစားချက်မျိုးက သူ့အရှေ့မျာ သက်တံ့ရောင်ဂျယ်လီလုံးတစ်လုံးရှိနေပြီး သူက အဲ့တာကို အရသာခံကြည့်ဖို့ ဆွဲယူလိုက်ချင်နေကာ ချိုမချို သိချင်နေပါသော်လည်း အစာအဆိပ်သင့်သွားမည်ကိုလည်း ကြောက်နေမိသကဲ့သို့ပင်။ ဝိရောဓိဖြစ်နေသည့် ရွေးချယ်မှုများက အတူတူလိမ်ယှက်သွားကြပါသော်လည်း အဲ့ဒီဂျယ်လီလုံးကတော့ သူ့အား မရပ်မနားဆွဲဆောင်နေတော့သည်။

ရှီယန့်ချင်း၏ လက်များက ကော်ဖတ်တစ်ခုလိုပင် ကြမ်းရှရှ။ ဒီရက်များတွင် သူက အလုပ်ကြိုးစားနေခဲ့ရပြီး အသားမာတစ်လွှာတက်လာစေခဲ့လေကာ တခါတရံ၌ သူ့ပွတ်သပ်အားက လော့ဖေးက အနည်းငယ်နာကျင်စေလေသည်။ သို့သော် လော့ဖေးမှာတော့ သူ ဒီလို ခံစားချက်မျိုးကို မမုန်းတီးကြောင်း တွေ့ရှိသွားပြီး အံ့အားသင့်နေမိတော့သည်။

နေဦး! မဟုတ်မှ....ငါက Mတစ်ယောက်လား?!
(tn/ Mဆိုတာက သိတဲ့သူတွေလည်းသိမှာပါ။ Masochist = နာကျင်မှုမှာ ပျော်မွေ့သူမျိုးကို ပြောတာပါ။)

လျှောက်ကောက်ချက်ချမနေနဲ့! ဒါက နေလို့ကောင်းရုံလေးပဲ၊ ဒါပဲ! အနှိပ်သည်တွေ သူတို့ ဖောက်သည်တွေကို နှိပ်ပေးတဲ့အခါ သူတို့လည်း နာလို့မအော်ကြလို့လား။ ဒါပေမယ့် နာပြီးရင်တော့ သက်တောင့်သက်သာမဖြစ်သွားကြဘူးလား။ အဲ့တာဆို အနှိပ်သွားခံတဲ့ လူတိုင်း Mဖြစ်နိုင်ကြတာပဲမလား။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now