Chapter- 3.1( Shit Stick)

2.6K 363 6
                                    

#unicode

ကမ္ဘာပေါ်မှာ လော့ဖေးအမုန်းဆုံးလူကို ပြောပါဆိုလျှင် ရှီယန်ချင်း သည် အသေအချာကို နံပါတ်တစ် ဖြစ်လိမ့်မည်ပင်။ ပထမဆုံး၊ ဒီလူဟာ သူ့ရဲ့အချစ်ပြိုင်ဖက်။ သူ့နှလုံးသားရဲ့ နတ်ဘုရားလေးနားမှာ နေ့တိုင်း ကော်လို ကပ်တွယ်နေတဲ့လူ။ ဒုတိယ၊ ဒီလူက သူ့ရဲ့သဘာဝရန်သူပဲ။ အဆုံးကျတော့ ဒီလူက သူ့နောက်ကို ဒီအထိ တကယ်ကြီးလိုက်လာသည်လေ!!

"အားးးအားးးးးး!"
လော့ဖေးတစ်ယောက် လေးလံသောတစ်ခုခုသူ့အပေါ်ဖိထားသည်ကို ခံစားလိုက်ရပြီး ရုတ်တရတ် စိတ်လွတ်သွားသကဲ့သို့ ထအော်လေတော့သည်။
"ကျွန်တော်လက်ထပ်မှာ မဟုတ်ဘူး!!!"

ရှီယန်ချင်း အပါအဝင် အခန်းထဲမှလူတိုင်း တိတ်ဆိတ်သွားကြပြီး သူ့ကိုကြည့်လာကြလေသည်။

လော့ဖေးသည် သူ့အပြုအမူများမှာ ရူးသွပ်‌နေသလိုဖြစ်သွားသည်ကို တဖြည်းဖြည်းသဘောပေါက်လာသော်လည်း သူအလေးအနက်တိုက်တွန်းလိုက်ဆဲပင်။
"ကျွန်......ကျွန်တော် သူ့ကိုလက်မထပ်ဘူး!"

လော့ထန်း၏မျက်နှာမှာ ရုတ်တရတ်မဲမှောင်သွားလေသည်။
"ဒုတိယသား! မင်းငါ့ကို ဒေါသထွက်အောင်လုပ်ဖို့ကြိုးစားနေတာလား။ မင်းသေချင်နေတာလား!"

လော့ရိတစ်ယောက် သူ့အဖေတွင် ရှီချင်းယန် ရှိနေသောကြောင့် ပြောချင်သော်‌လည်း မပြောနိုင်သည့် စကားများရှိနေဦးမည်ဟု ခံစားနေရသည်။ အဲ့ဒါက:
[မင်း ဟိုခွေးကောင်ကျန်းယန်းဖန်‌အကြောင်း စဉ်းစားနေသေးတယ်ဆို ငါမင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်!!] ဟူ၍ ဖြစ်လောက်သည်။

လော့ဖေးသည် ရှီယန်ချင်း၏ မျက်လုံးထဲသို့ ပြင်းပြင်းထန်ထန်စိုက်ကြည့်၍ ပြောလိုက်သည်။
"ဟေး! သူတို့ကိုပြောလိုက်လေ!"

ရှီယန်ချင်းမှာ ပြောလိုက်ရ၏။
"ဦးလေးလော့၊ လော့ဖေးက နိုးလာပြီးကျွန်တော့်ကိုလည်းတွေ့ပြီးပြီဆိုတော့ ကျွန်တော် အရင်ပြန်နှင့်လိုက်ပါ့မယ်ဗျ။ နောက်မှ သူ့ကိုတွေ့ဖို့ ထပ်လာခဲ့ပါဦးမယ်။"

ဒါက အလုပ်ဖြစ်သည်။ လော့ထန်းခေါင်းငြိမ့်လိုက်၏။
"မင်း ပြန်လိုက်ပါ။ အိမ်မှာလုပ်စရာတွေလည်း ပုံနေမှာပဲ။ ပြန်ပြီး အဲ့ဒါတွေကိုအရင်လုပ်လိုက်။"
တစ်ချိန်တည်းမှာပင် သူသည်လည်း သူ၏ ဒုတိယသားကို ပြောစရာရှိနေသည်လေ!

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now