Chapter 1.2(ကူးပြောင်းခြင်း/ကူးပြောင်းခြင်း)

3.9K 448 23
                                    

#unicode

"ကျွန်တော်က ဘယ်လိုလုပ်လိမ်နိုင်မှာလဲ။ အစ်ကို့ကို လွှတ်ပေးတဲ့သူ ဘယ်သူ့ကိုမဆို ခြေထောက်ရိုက်ချိုးပစ်မယ်လို့ အဖေက ပြောထားပြီးသား။"
အဲ့အချိန်တုန်းက သူ့အဖေဘယ်လောက်တောင် စိတ်လွတ်သွားလဲဆိုတာ လော့ရိမှတ်မိသေးတယ်။ တုန်လှုပ်နေပေမယ့် ဘယ်သူမှ မကူညီနိုင်ကြဘူး။

"အခု အဲ့တာက ဖြစ်ခဲ့ပြီးသား။ မင်းအမေ့ကိုဖြစ်ဖြစ် အဖေ့ကိုဖြစ်ဖြစ် ပြောမယ်ဆို ငါ သားသမီးဝတ်တရားကျေတော့မှာမဟုတ်ဘူး။ နောက်ပိုင်းမှာလည်း ဒုတိယအကြီးဆုံးကလေးအနေနဲ့ သူတို့ကိုအလုပ်အကျွေးပြုတော့မှာလည်းမဟုတ်ဘူး။"
သူတို့က သူကျော်လွှားနိုင်ပြီဆိုတာကို မယုံကြဘူးလား။ ဒါဆို "အဲ့တာကမပြီးသေးဘူး!" ထို့နောက်‌ လော့ဖေးက လက်သီးဖြင့် တံခါးဘောင်ကို 'ဒုန်း'ကနဲမြည်အောင် ထိုးလိုက်သည်။ အဲ့ဒီ့နောက်မှာတော့ သူ့ခန္ဓာကိုယ်က ရုတ်တရတ်ပြိုကျလာပြီး ကြမ်းပြင်ပေါ်လဲကျသွားတော့၏။ ရုပ်ရှင်နဲ့သရုပ်ဆောင်ကျောင်းက အလားအလာအရှိဆုံး ကျောင်းသားတွေထဲက တစ်ယောက်လိုပဲ။ ဒီလိုသရုပ်ဆောင်မှုသေးသေးလေးက သူ့အတွက်ဘာမှမဟုတ်ဘူး။

"ဒု..ဒုတိယအစ်ကို!" ထူးထူးဆန်းဆန်းဆူညံသံကိုကြားလိုက်ရတာကြောင့် လော့ရိထိတ်လန့်သွားတယ်။ သူ့လည်ပင်းကိုဆန့်ပြီး တဲကိုချောင်းကြည့်လိုက်သည်။ သူ့မိသားစုရဲ့ထင်းတဲ့ကို ရွှံနဲ့မြက်သုံးပြီး ပြုလုပ်ထားတာဖြစ်ပြီး တံခါးတစ်ချပ်သာရှိ၏။ ပြတင်းပေါက်တစ်ပေါက်တောင်မရှိ။ သူ့ရဲ့ဒုတိယအစ်ကိုထွက်မပြေးနိုင်တာသေချာစေဖို့ ရေစည်ပိုင်းအကြီးကြီးတစ်ခုကို တံခါးဝမှာ ပိတ်ထားလိုက်သည်။ ရေစည်ပိုင်းဘေးမှာ မတ်တပ်ရပ်လိုက်ပြီး သူဘာလှုပ်ရှားမှုကိုမှ မတွေ့ရသောအခါ တစ်ခုခုက မမှန်တော့ဘူးလို့ ခံစားလာရ၏။

"ဒုတိယအစ်ကို၊ ကျွန်တော့ကိုကြောက်အောင်မလုပ်ပါနဲ့။" လော့ရိဘာလုပ်ရမှန်းမသိတော့ဘူး။
"ဒုတိယအစ်ကိုရေ? ဒုတိယအစ်ကို?"
"အဖေ!အမေ!"
အစကတော့ အထဲကလူက သူ့ကိုလှည့်စားနေတယ်လို့ လော့ရိထင်ခဲ့တာ။ ဒါပေမယ့် ဒီလူ့မှာဆိုးရွားတဲ့မှတ်တမ်း(suicide လုပ်ဖို့ကြိုးစားခဲ့တာ) ရှိခဲ့တာကို တွေးမိသွားတော့ သူထပ်စောင့်ဖို့အရမ်းကိုကြောက်လန့်လာတယ်။ သူရေပုံးကိုအဝေးကို ပစ်ထုတ်လိုက်ပြီး အဝင်ဝမှာပိတ်ထားတဲ့ ရေစည်ပိုင်းကိုစပြီးတွန်းတော့သည်။
မရွှေ့နိုင်တော့တဲ့အခါမှာ သူစိတ်စောစွာပဲ ဟင်းရွက်ခြံဘက်လှည့်ပြီး အော်ဟစ်လိုက်တော့သည်။
"အဖေ၊ အမေ! ဒုတိယအစ်ကို သေဖို့ကြိုးစားနေပြန်ပြီ။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now