Chapter-1.3(ကူးပြောင်းခြင်း/ကူးပြောင်းခြင်း)

3.1K 449 20
                                    

#unicode

"ဒုတိယအစ်ကို၊ ကျွန်တော်တို့ ဟင်းရွက်ခြံထဲသွားပြီး အမေ့အလုပ်တွေ ဝိုင်းကူကြရင်ရော။"
လော့ရိ သူ့အစ်ကို နောက်တစ်ကြိမ် သတ်သေမည့်အတွေးတွေဝင်လာမှာကို စိုးရိမ်စွာနဲ့ ဂရုတစိုက်ကြည့်လိုက်သည်။

"အလုပ်? ငါကဘာကိုလုပ်ချင်ရမှာလဲ။ သွားပြီး ငါ့အတွက် အိုးထဲကို ရေဖြည့်ပေးစမ်းပါ။"
လော့ဖေး သူ့အင်္ကျီလက်ကို ခါလိုက်ပြီး
"ကျန်းယန်းဖန်ကို ငါ့အိမ်တံခါး‌ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်းဖြတ်သွားခွင့်ပြုလိုက်ရင် ငါ့မျိုးရိုးနာမည် 'လော့' မဟုတ်တော့ဘူး။"

"ဒု..ဒုတိယအစ်ကို၊ အစ်ကို ဘာလုပ်မလို့လုပ်နေတာလဲ။"
လော့ရိမျက်လုံးတွေပြူးကျယ်သွားပြီး အလွန်အံ့အားသင့်သွားသည်။ ဒီကျိုးကြောင်းမဆီလျော်တဲ့သူက ကျန်းယန်းဖန်အကြောင်းပြောလိုက်တိုင်း စိတ်ဓာတ်ကျသွားတတ်တဲ့ သူ့အစ်ကိုမှ ဟုတ်ရဲ့လား။

"ဘာလုပ်မလို့လဲဟုတ်လား။ အဲ့ကျန်းယန်းဖန်ကို လုပ်မလို့!"
သူ့ညီ မလှုပ်ရှားသေးတာတွေ့တော့ သူကိုယ်တိုင်ပဲ သစ်သားဇလုံကိုကောက်ယူလိုက်သည်။ ထို့အထဲကို ရေဖြည့်လိုက်ပြီး မြေကြီးပေါ်မှ အညစ်အကြေးတွေကို လက်အပြည့်ကျုံးထည့်လိုက်သည်။ တံခါးဆီကိုလျှောက်သွားရင်း တံတွေးပါထွေးထည့်လိုက်သည်။အသံတွေ နီးကပ်မလာခင်ထိစောင့်နေလိုက်ပြီးနောက် သူဇလုံကိုကိုင်ရင်းနောက်ဆုတ်လိုက်ပြီး ကိုယ်ကိုယ်လှည့်ကာလော့ရိကို မေးလိုက်သည်။

"အဖေ အိမ်မှာရှိလား။"
~ခုနက ငါသေချင်ယောင်ဆောင်တုန်းက သူဘာလို့ရောက်မလာတာလဲ။ တကယ်လို့သူအိမ်မှာမရှိဘူးဆို ဒီရေတွေအကြောင်းသူမသိနိုင်တော့ဘူး။~

"အဖေ အိမ်မှာရှိတယ်။ သူဟင်းရွက်ခြံထဲမှာ။"
လော့ရိက သံသယဖြစ်စွာကြည့်လိုက်ပြီး
"ဒုတိယအစ်ကို၊ ဘာလို့မေးတာလဲ။"

"ဘာမှမဟုတ်ဘူး!"
လော့ဖေး အပြင်ဘက်က မင်္ဂလာအခမ်းအနားပေါ်ရေညစ်တွေ မလောင်းချပစ်ခင်အထိ သူတွေးနေတာကိုမရပ်ခဲ့ဘူး။

"ဝေါ......"
"အာ့........"
"ဖူး....ဖီ....ဖီ"
"ဘယ်သူက ဒီလောက်မိုက်မဲရတာလဲကွ!!"
ဂီတပညာရှင်က သီချင်းကိုရပ်လိုက်ပြီး ကျန်းမိသားစုမှ လူ‌တစ်ယောက်က လော့မိသားစုရဲ့ တံခါးဆီတည့်တည့်လျှောက်လာလေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now