Chapter -2.1(ရှီယွိ/ရွီယြိ)

2.9K 441 10
                                    

#unicode

ဟွာဖင်းရွာက အရမ်းမသေးသလို အရမ်းလည်းမကြီးဘူး။ ရွာထဲမှာ အိမ်ခြေလေးဆယ်ရှိပြီး လူအယောက်နှစ်ရာဝန်းကျင်မျှနေထိုင်ကြသည်။ လူတိုင်းက တစ်ယောက်နှင့်တစ်ယောက်သိကြသည်။ ဒါ့ကြောင့် အရင်က မီးခိုးမထွက်တာကြာနေပြီဖြစ်တဲ့အိမ်ရဲ့ မီးခိုး‌ခေါင်းတိုင်မှ မီးခိုးထွက်လာသောအခါ ရွာထဲကလူတိုင်း ထိုလူများပြန်လာပြီဆိုတာကို သိကြလေသည်။

ထိုမိသားစုအကြောင်းပြောရရင် စုဆောင်းနိုင်သောအချက်အလက်တွေက တော်တော့်ကိုများသည်။ အစောပိုင်းနှစ်တွေတုန်းက သခင်မရှီ၊ သူမ၏သား၊ ချွေးမနှင့် သူမ၏မြေးလေးရယ်ဆိုပြီး လူလေးယောက်ရှိခဲ့လေသည်။ သူတို့မိသားစုလေးမှာ အကြီးကနေအငယ်ထိ စိတ်ကျေနပ်စရာ ဘဝလေးရှိခဲ့သည်။ စုံတွဲက ပစ္စည်းသေးသေးလေးတွေရောင်းသော အသေးစားစီးပွားရေးလေး လုပ်ဖို့ မြို့ကိုတခါတရံသွားကြသည်။ သခင်မရှီကတော့ သူမရဲ့မြေးလေးနှင့်အတူ ကြက်တွေမွေးပြီး ဟင်းရွက်ခြံကို စောင့်ရှောက်လေသည်။ မိသားစုလေးက အေးချမ်းပြီး ပျော်ရွှင်နေခဲ့ကြသည်။ ဒါပေမယ့် ရှေးလူကြီး‌တွေပြောခဲ့သလိုပဲ မိသားစုတိုင်းမှာ ခက်ခဲတဲ့အချိန်ဆိုတာ ရှိလေ၏။

ရှီမိသားစုက မနက်စာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို နှစ်နှစ်မျှလုပ်ကိုင်ပြီးချိန်မှာ လူတစ်ယောက်က ရှီယွိ(သခင်မရှီ၏မြေး) ၏အမေကို မျက်စိကျလာခဲ့သည်။ ဒါကမြို့ထဲမှာ လူသိများတဲ့အနိုင်ကျင့်မှုတစ်ရပ်ဖြစ်ခဲ့၏။ အစကတော့ ရှီယွိအဖေက တဖက်လူနဲ့ ပြဿနာမဖြစ်ချင်ပေ။ ထို့ကြောင့် ထိုလူကိုရှောင်ဖို့ ငြိမ်းချမ်းစွာပဲ သူတို့ရဲ့လုပ်ငန်းကို တစ်နေရာမှ တစ်နေရာပြောင်းရွှေ့ခဲ့လေသည်။ သို့သော်လည်း တဖက်လူက သူတို့နောက်ကို အမြဲလိုက်နေခဲ့ပြီး နှစ်ဖက်လုံး စတင်တိုက်ခိုက်လာကြတော့သည်။ အကျိုးဆက်များက နှစ်ဖက်လုံးအတွက် ကြောက်မက်ဖွယ် ဖြစ်လာခဲ့၏။ အဆုံးမှာ လူရမ်းကားက သေဆုံးသွားရပြီး ရှီယွိအဖေကလည်း သူ့ဘဝကို ဆုံးရှုံးခဲ့ရသည်။

သူမယောက်ျားဆုံးသွားသည့်အခါ ရှီယွိအမေက နေ့စဉ်နေ့တိုင်းငိုကြွေးနေခဲ့ပြီး မကြာခင်မှာပင် စိတ်ကျရောဂါကြောင့် ဆုံးပါးသွားတော့လေသည်။ သခင်မရှီ၏တစ်ဦးသောသားက သေဆုံးသွားခဲ့ပြီး သူမရဲ့ချွေးမကိုလည်းဆုံးရှုံးလိုက်ရတာကြောင့် သူမဟာ တဖြည်းဖြည်း အနည်းငယ် စိတ်မမှန်ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပဲ သူမသည် ဆိုးဆိုးရွားရွားနေမကောင်းဖြစ်ပြီး စုဆောင်းထားသမျှအကုန် သုံးစွဲခဲ့ရလေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Onde as histórias ganham vida. Descobre agora