Chapter - 21 (ပန်းဂျုံအစေ့ခွံများ/ပန္းဂ်ဳံအေစ့ခြံမ်ား)

1.6K 318 18
                                    

#unicode

အားလုံးပေါင်းလိုက်သော် လော့ဖေးမှာ ဆယ်ကျင်းကျော်ကျော်လောက်သာ တူးရသေးသည်။ နောက်ပိုင်းမှာ သူ ဂေါ်ပြားကိုမထိတော့ပေ။ ပြောင်းစေ့များဆို သူ့အထိအတွေ့ကို ပိုလို့ပင် မခံရပါပဲ စွံပလွံသီးနှင့် မြေပဲတို့ကိုသာ ကိုင်တွယ်လေသည်။ အိုး..နောက်ပြီးတော့ သကြားလုံးတွေရောပဲ။ ၎င်းတို့မှာ ရှီယန့်ချင်း သူ့အတွက် ပြင်ဆင်ပေးထားပါသည့် သရေစာလေးများပင်။

တစ်လျှောက်လုံး ရှီယန့်ချင်းက လော့ဖေးအား မည်သည့်အလုပ်ကိုမှ လုပ်ခိုင်းဖို့ မစီစဉ်ထားပေ။ သူက လော့ဖေးအား သူတို့မိသားစုလယ် ဘယ်မှာရှိသည်ကို မြင်စေချင်ရုံသာဖြစ်ပြီး လော့ဖေးကို သူနှင့် အတူလိုက်ပါစေချင်ရုံသာဖြစ်သည်။ သို့မှသာ သူအလိုရှိသည့်အချိန်တိုင်း သူ့ခေါင်းကို လှည့်လိုက်ပြီး လော့ဖေးကို မြင်တွေ့နိုင်မှာဖြစ်သည်။ ၎င်းက သူ့ကို အလုပ်လုပ်ဖို့ ပို၍ စိတ်အားထက်သန်တက်ကြွစေသည်။ ထို့ကြောင့် လော့ဖေးကို အပြင်ထွက်လာစေခြင်းက စကားစမြည်ပြောနိုင်ဖို့နှင့် အတူတူအချိန်ဖြုန်းနိုင်ဖို့ထက် မပိုပါပေ။

ကျောင်းပိုင်နင်တွင် လော့ဖေးလို ကောင်းမွန်သည့် ဘဝမျိုး မရှိ။ လက်ထက်ပြီးနောက် မည်သည့်သတင်းကောင်းမှ ရှိမလာခဲ့ကတည်းက လက်ရှိတွင် ချင်ကွေ့ကျစ်သည် သူ့အား အလွန်အားမရဖြစ်နေပေ၏။ လော့ဖေးသာ လက်မထပ်ခဲ့ပါက ချင်ကွေ့ကျစ်တစ်ယောက် ဤမျှလောက် စိုးရိမ်ပူပန်နေလိမ့်မည်မဟုတ်ပါသော်လည်း လော့ဖေးက ရှီယန့်ချင်းနှင့် လက်ထက်ခဲ့လေသည်။ လော့ဖေးသာ ကျောင်းပိုင်နင်ထက်အရင် ကိုယ်ဝန်ရသွားခဲ့လျှင် ဒါဆို သူက ကလေးမွေးရင်း သူမမျက်နှာကို ဖြတ်ရိုက်လိုက်တာပဲမဟုတ်ဘူးဘား?! သို့ဖြစ်၍ သူမသည် လက်ရှိတွင် ကျောင်းပိုင်နင်အား အလွန်အားမရစိတ်မကျေမနပ်ဖြစ်နေပြီး ကျောင်းပိုင်နင်ကို အလုပ်ပိုကြိုးစားဖို့လည်း တွန်းအားပေးနေပြန်သည်။

အပြင်မထွက်ခင်တွင် ချင်ကွေ့ကျစ်က ကျောင်းပိုင်နင်အား သတင်းကောင်းရှိလာတဲ့အချိန်က သူ လယ်ထဲမှာ အလုပ်ကြမ်းလုပ်စရာမလိုတော့သည့် အချိန်ဖြစ်ကြောင်း ပြောခဲ့လေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now