Chapter -6.2(အမှန်တရား/အမွန္တရား)

1.8K 328 2
                                    

#unicode

"ခင်များသိလား။ ကျွန်တော်လော့အိမ်မှာ စကားပြောတဲ့အခါဆို ကျွန်တော့မှာ မူလကိုယ်ရဲ့ ခန္ဓာကိုယ်ပဲရှိတယ်ဆိုပေမယ့် အဲ့လော့ဖေးနဲ့တူအောင် အသည်းအသန်ကို လုပ်ယူနေရတာ။ မဟုတ်ရင် သူတို့တွေ ကျွန်တော်စကားပြောတဲ့အခါ လန့်သွားကြလိမ့်မယ်။ ဒီမနက်ဆို ကျွန်တော့မှာ ဘယ်အချိန်လဲလို့ မေးမိလုနီးပါးပဲ။ မနေ့ကလည်း ကျွန်တော်ညဘက်မှာနိုးလာပြီး မီးခလုတ်ကိုလိုက်ရှာရင်းနံရံကိုစမ်းနေမိသေးတယ်ဗျ!"

"မီးခလုတ်ကိုလိုက်ရှာတယ်?"

"ဟုတ်တယ်။"
လော့ဖေးသည် ထိုအချိန်က သူရဲ့တုံးအမှုကို တွေးနေမိသည်။ မည်သို့ပင်ဖြစ်စေကာမူ အိပ်ယာထပြီးနောက်တွင် တစ်ခဏမျှ ကို့ရို့ကားယားဖြစ်နေခဲ့သည်။

"လူတစ်ယောက်က ပတ်ဝန်းကျင်ကောင်းတစ်ခုကနေ ပိုဆိုးတဲ့ ပတ်ဝန်းကျင်တစ်ခုကို သွားရတဲ့အခါ သူသာမလွတ်မြောက်နိုင်ဘူးဆိုရင်၊ ဒါဆို လက်ရှိဘဝကို မြန်မြန်လက်သင့်ခံလိုက်တာက သူ့အတွက် အကျိုးအရှိဆုံးပဲ။ မင်းကအခုလောလောဆယ်မှာ အရမ်းခက်ခဲနေတယ်ဆိုတာ ကိုယ်သိပါတယ်ကွာ။ မင်းက ကိုယ်နဲ့မတူဘူး။ ကိုယ်က ကိုယ့်ဘာသာကြီးပြင်းလာခဲ့ရတာ။ မင်းမှာ မိသားစုဝင်တွေရှိတယ်၊ ဟုတ်တယ်မလား။ အဲ့‌တာကြောင့် မင်း အိမ်လွမ်းနာကျနေမှာပဲ။"

"ခင်များမှာလည်း လျန်ပေါ်ယွမ် ရှိတယ်မလား။"
လော့ဖေးမှာ အချဉ်ပေါက်စွာပြောလိုက်လေသည်။

"ခင်များချစ်သူရဲ့နှလုံးသားက ခင်များရဲ့ကိုယ်ပိုင်လုံခြုံတဲ့ ဘုံဗိမ္မာန်လေးဆိုတာ ခင်များမသိဘူးလား။ ကျွန်တော့်မှာ သူ့လက်ကလေးကိုတောင်ကိုင်ဖူးတာမဟုတ်ဘူး။ ဒါပေမယ့် ခင်များကတော့ သူ့ကိုပွေ့တောင်ပွေ့ဖက်ပြီးပြီ။"

"ကောင်းပါပြီကွာ၊ မင်းမှန်ပါတယ်။ သူက ဝမ်းကွဲညီတစ်ယောက်သာသာပဲဆိုပေမယ့် ဝမ်းကွဲညီတစ်ယောက်ပါပဲလေ။"

"ဝမ်းကွဲညီ?"
လော့ဖေးသည် သူ့ခေါင်းအား ရုတ်ချည်းလှည့်လိုက်မိသည်။
"ခင်များ လျန်ပေါ်ယွမ်က ခင်များရဲ့ ညီဝမ်းကွဲလို့ ပြောလိုက်တာလား။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now