Chapter - 30.1 (ပထမဆုံးရွှေအိုး/ပထမဆုံးေ႐ႊအိုး)

2K 225 18
                                    

#Unicode

စုန့်လင်မြို့မှာ နေထိုင်သူဦးရေ နှစ်ထောင်ခန့်ရှိပြီး အထူးတလည် ကြီးမားလှသည်မျိုးမဟုတ်ပေ။ ၎င်းက တိုင်းပြည်၏ မြောက်ပိုင်းတွင် တည်ရှိကာ တစ်နှစ်ပတ်လုံး နွေးထွေးနေပါသည့် တောင်ပိုင်းဒေသလောက် ကောင်းစွာ မဖွံ့ဖြိုးပါသော်လည်း တိုင်းပြည်မြောက်ပိုင်းရှိ ဤမြို့ငယ်လေးမှာ အဆိုးရွားဆုံးဟုတော့ မပြောနိုင်ပေ။

အခြားသောမြို့များကဲ့သို့ပင်၊ သူတို့တွင် နှစ်စဉ် မေလအစောပိုင်းမှ စက်တင်ဘာလ နှောင်းပိုင်းအထိ မနက်ခင်းဈေးရှိလေသည်။ ဤနေ့ရက်များရှိ ပူနွေးသော ရာသီဥတုကြောင့် လူများမှာ စိတ်လှုပ်ရှားစွာနှင့် အလျင်လိုနေကြကာ ဈေးထဲတွင် ပျားပန်းခတ်မျှလှုပ်ရှားနေကြတော့သည်။ ရှေးခေတ်မှ လူများသည် 'စောစောအိပ်၊ စောစောထ' ဟူသည့် အလေ့အကျင့်အား ကျင့်သားရနေခဲ့ပြီးဖြစ်သည်။ မြို့ထဲရှိ လူများမှာ တောင်သူလယ်သမား အိမ်ထောင်စုများကဲ့သို့ အရုဏ်တက်ချိန်တွင် မထကြပါသော်လည်း ကုန်သည်အချို့မှာ သူတို့၏ ဆိုင်ခန်းငယ်များကို ပြင်ဆင်ကြပြီးသားဖြစ်လေသည်။ လော့ဖေးနှင့် ရှီယန့်ချင်းတို့ ရောက်ရှိချိန်တွင် မြင်ကွင်းမှာ အတော့်ကို အသက်ဝင်နှင့်ပြီးဖြစ်နေ၏။

လော့ဖေးက ဤတစ်ခေါက် သူမြို့ကို လာချိန်တွင် အဝတ်စုတ်တစ်စအား သူနှင့်အတူ ယူလာခဲ့သည်။ သူက ထိုအဝတ်အား မြေပေါ်တွင် ဖြန့်ခင်းလိုက်ပြီးနောက် ဈေးဝယ်များအား လှည့်လည်ရောင်းချဖို့ ကြိုးစားရင်း အမွှေးအိတ်များကို တစ်အိတ်ချင်းစီ စီစဉ်ထားလိုက်သည်။ ရှီယန့်ချင်းအတွက်မူ သူသွားချင်နေသည့် ဆေးဆိုင်များမှာ မဖွင့်သေးပါပဲ နောက်ထပ် နာရီဝက်လောက်ကြာဦးမည်ဟု ခန့်မှန်းရလေသည်။

စီးပွားရေးတစ်ခါမျှ မလုပ်ဖူးပါသည့် လော့ဖေးမှာ မြို့သို့သွားရာ လမ်းတစ်လျှောက် အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့ပစ္စည်းများကို စီစဉ်နေပါရင်း ပိုလို့တောင် စိတ်ရှုပ်လာရတော့သည်။ သူက အခြားအရာကို စိုးရိမ်နေမိသည်မဟုတ်ပါပဲ တစ်ခုမှ မရောင်းရမည်ကို ပူပန်နေမိခြင်းဖြစ်သည်။ ဒါက သူ့လုပ်အား အလဟဿဖြစ်သွားရတာပဲမဟုတ်လား~ သူ သူ့ပစ္စည်းတွေကို ခင်းကျင်းလို့ မပြီးနိုင်သေးခင်မှာပင် တစ်ယောက်ယောက်က ရောက်လာနှင့်နေပြီးဖြစ်လိမ့်မည်ဟု မည်သူက ခန့်မှန်းမိပါလိမ့်မည်နည်း။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now