Chapter-11.2(ဂုဏ်ယူနေသောလော့/ဂုဏ္ယူေနေသာေလာ့)

1.5K 267 0
                                    

#unicode

ကျန်းအိမ်နှင့် ဟန်အိမ်မှာ ဘေးကပ်ရပ်ဖြစ်ပြီး ကြားတွင် နံရံနှစ်ခုသာခြားသည်။ ထို့ကြောင့် ချင်းကွိန်ကျီက ရေခပ်ရန်ထွက်လာချိန်တွင် သူမသည် ဟန်ယန်၏နွားလှည်းအားတွေ့လိုက်ရလေသည်။ သူမသည် လော့ဖေးက ဟန်မိသားစုသို့နွားလှည်းလာငှားခဲ့သည်ဟု မနေ့က ကျောင်းပိုင်နင်ပြောပြခဲ့သည်ကို မှတ်မိနေသေးသည်။ ဟန်မိသားစုက သူတို့ဒီနေ့တစ်ရက်ပဲငှားနိုင်သည်ဟု ပြောခဲ့သည်လေ။ ငှားတာက ဟုတ်ပါပြီ၊ ဒါပေမယ့် ရှီမိသားစုက လူက ဒီကိုဘာလာလုပ်နေတာလဲ။

"ဒီနေ့ ဒီကရှောင်ရှီက လော့အိမ်ကိုသွားပြီး လက်ထပ်ခွင့်တောင်းမလို့လေ။ အဲ့ဒါကျွန်တော်ကူပေးမလို့။"
ဟန်ယန်နှင့် ဟန်ရှုမှာ ညီအစ်ကိုများဖြစ်ကြလျှင်တောင်မှ သူတို့နှစ်ယောက်လုံးက အလွန်ကွဲပြားကြသည်လေ။ ဟန်ရှုက ဖျက်ထိုးဉာဏ်ရှိချိန်တွင် ဟန်ယန်ကတော့ အရှိကိုအရှိအတိုင်းသာမှတ်ယူလေသည်။ သူတွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များမရှိပဲ မည်သူမှ ပင်ကိုအားဖြင့်မဆိုးသွမ်းနိုင်ဟု ယူဆထားလေသည်။ သူသည် ချင်းကွိန်ကျီက သူ့အားထသွားထလာ မေးရုံသာဟု ထင်နေ၏။ ထို့ပြင်၊ ဤသည်မှာ ရှီယန်ချင်းအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး သူ့အတွက် ထိုအရာကိုပြောရန်မဆီလျော်ကြောင်းတွေးမနေတော့ပဲ ပြောလိုက်လေသည်။

"လော့အိမ်ကို လက်ထပ်ခွင့်သွားတောင်းမယ်၊ ဟုတ်စ။"
ချင်းကွိန်ကျီသည် မျက်မှောင်ကျုံ့လိုက်မိသည်။ သူမသည် ရေပုံးကို အောက်သို့ချလိုက်ကာ စေတနာကောင်းများရှိနေသည့် မျက်နှာထားမျိုးထားလိုက်ပြီးနောက် ရှီယန်ချင်း၏ဘေးသို့ ခြေလှမ်းသွက်သွက်ဖြင့်သွားလိုက်လေသည်။ 

"ဝေ့၊ ကောင်လေးရှီ၊ မင်းရှင်းရှင်းလင်းလင်း တွေးကြည့်ဖို့လိုတယ်နော်။ မင်းရဲ့အိမ်ထောင်စုမှာ မျိုးဆက်ဆိုလို့မင်းတစ်ယောက်တည်းရှိတော့တာနော်။ မင်းမိဘတွေကို နောင်တရအောင်လုပ်လို့မဖြစ်ဘူးလေ။"

"ကျွန်တော်က လက်ထပ်ခွင့်တောင်းရုံလေးပါဗျာ။ ဘယ်လိုလုပ်ပြီး ဒါက ကျွန်တော့်မိဘတွေကိုလှည့်မကြည့်သလို ဖြစ်သွားရတာလဲ။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now