Chapter - 32.3 (ဦးခေါင်းထိပ်က ဧရာမမြက်ခင်းပြင်ကြီး)

636 119 4
                                    

#Unicode

"ပျော်စရာဘာမှမရှိပါဘူးလို့ ဘယ်သူပြောလဲ။"
ရှီယန့်ချင်းက လော့ဖေးရဲ့ လက်နုနုလေးအား ဖျစ်ညှစ်လိုက်ရင်း
"မင်းကသာ ကိုယ့်ကို ပိုနက်နက်နဲနဲ ထဲထဲဝင်ဝင် တူးခွင့်မပြုတဲ့သူပါနော်။"

"သောက်ကျိုးနည်း၊ တည်တည်ကြည်ကြည်နေစမ်းပါ!"
လော့ဖေးက ရှီယန့်ချင်းအား 'ဖတ်'ခနဲ့ ရိုက်ပစ်လိုက်သည်။ ဘာလို့များ 'တူးတယ်'ဆိုတဲ့ စကားလုံးကို ဒီအချိန်ကျမှ ဒွိဟဖြစ်အောင် လာပြောနေရတာလဲ!

"ကိုယ်ပြောပြမယ်။ ကိုယ်က အရမ်းအရမ်း တည်ကြည်တဲ့သူပါကွာ။ ဒါပေမယ့် အဲ့တာက မင်းနဲ့ နှစ်ယောက်တည်း အတူရှိမနေတဲ့ အချိန်မျိုးမှာပဲ။"
ရှီယန့်ချင်းသည် လော့ဖေးလက်ထဲမှ အဝတ်အား ယူလိုက်၏။ သူ လော့ဖေး ဘာချုပ်ထားတာလဲဆိုတာကို ခုထိ မမြင်နိင်သေးပေ။ အခုတော့ သူ လော့ဖေးအား မေးခွန်းတစ်ခုသာ မေးလိုတော့သည်။
"ဘယ်တော့များမှ မင်း ကိုယ့်ကို မင်းအပေါ်မှာ ထွန်ယက်ခွင့်ပြုမှာလဲဟင်။"

"ကောရဲ့ ကြက်ပေါက်လေး အရိုးကြုံ့စကေးသင်ပြီး အောင်မြင်သွားတဲ့အထိ စောင့်နေလိုက်၊ အာ့၊ ကောင်းကောင်းနေစမ်းပါ၊ ဘေးဖယ်!"
လော့ဖေးတစ်ယောက် ရှီယန့်ချင်းအား တွန်းထုတ်လိုက်ပြီး အထည်ဆက်ချုပ်ဖို့ အထည်အား ပြန်ယူလိုက်၏။

"မင်းရဲ့ ကြက်ပေါက်လေးထဲမှာ အရိုးတွေ ရှိတယ်ပေါ့လေ။"
ရှီယန့်ချင်းက ရာသီဥတုပူတာကြောင့် သူတို့နှစ်ယောက်လုံး အတွင်းဝတ်များသာဝတ်ထားကြသည်ကို အခွင့်ကောင်းယူပြီး လော့ဖေး၏ ဘောင်ဘီခါးစည်းအား ဆွဲဖွင့်ကာ အထဲသို့ကြည့်ရင်း အနည်းငယ်ဖျစ်ညှစ်လိုက်သည်။
"မလုပ် အာ့"

"ရှီယန့်ချင်း!"
လော့ဖေးမှာ ဘာမှကို မပြောနိုင်တော့ပေ။ တကယ်တော့ တခါတလေ သူလည်း စမ်းကြည့်ချင်ပေမယ့် သူကြောက်တယ်လို့! ဝမ်းနည်းစရာကောင်းလိုက်တာ ဟင့်!

"တို့ရုံလေးပါကွာ၊ ဘာမှမဖြစ်ပါဘူး။"
ရှီယန့်ချင်းက သူ့ခေါင်းအား လော့ဖေးရဲ့ ပေါင်ပေါ်မှာ မှေးတင်ထားလိုက်သည်။
"ဟေ့၊ ဇနီးလေး၊ ကိုယ်မင်းကို ဒုက္ခလေးနည်းနည်းပေးချင်တယ်။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now