Chapter-11.1(ဂုဏ်ယူနေသောလော့/ဂုဏ္ယူေနေသာေလာ့)

1.6K 290 4
                                    

#unicode

ပြောရရင် လျန်ပေါ်ယွမ်နဲ့ ရှီယန်ချင်းကြားက ဆက်ဆံရေးကြောင့်သာ ရှီယန်ချင်းကို အိမ်မဲလေးထဲမှာ တစ်နှစ်လောက်ပိတ်ထားခဲ့တာဖြစ်သည်။ အခုတော့ လော့ဖေးက ရှီယန်ချင်းကို တစ်လစာ 'လွတ်ငြိမ်းခွင့်စာတမ်း'ပေးဖို့ ဖြစ်နိုင်လောက်သည်ဟုခံစားနေရသည်။ ရှီယန်ချင်းက တစ်ခါတစ်ရံ အနှောက်အယှက်ဖြစ်ပေမယ့် သူ့အမေဖြစ်သူ လီယွဲ့ဟွာပြောသလိုပဲ သူက အသေးစိတ်အချက်တွေကို အတော်အာရုံစိုက်ထားတတ်သည်လေ။

ဒီလူက အမြဲတမ်း သူဘာလိုနေလဲဆိုတာကို ဖော်ထုတ်နေသလိုပဲ၊ ပြီးတော့ သူတို့ကို ကျေကျေနပ်နပ်ကြီးကိုတွေ့နေတော့တာပဲ။ ဥပမာ- ကြွေပြားလိုမျိုး၊ ရေပူရေချိုးကန်လိုမျိုး၊ ပြီးတော့ အရမ်းကို မျက်စိဖမ်းစားနိုင်တဲ့ ချည်လုံးတွေလိုမျိုးပေါ့။ ရှီယန်ချင်းက အရာဝတ္ထုတွေကို ပြီးပြည့်စုံအောင်လုပ်ပေးတဲ့လူလို့တောင် ပြောနိုင်တယ်။ အဲ့တာက ကောက်ပဲသီးနှံတွေကို ရေလောင်းပေးတဲ့ နွေဦးမိုးလိုပဲ ထူးခြားပြီးနှစ်လိုဖွယ်ကောင်းတယ်။

အခုသူမုန်းနိုင်မည့် တစ်ခုခုများရှိနေသေးမယ်ဆို အဲ့တာက အိမ်သာသွားရတာအပြင်ကို သူ ရှီယန်ချင်းကို တွေးမိဖို့ အခွင့်အလမ်းတွေ ပိုပိုပေးနေတာပဲဖြစ်လိမ့်မယ်။ ဥပမာပြောရရင် သူအပ်ချုပ်တဲ့အချိန်မျိုးမှာပေါ့။

လော့ဖေးက အပ်ချုပ်ပစ္စည်းအိတ်ကို ဖက်ထားလိုက်ပြီး သူဘယ်နှစ်ကြိမ်ပဲ လှည့်နေပါစေ သူအိပ်မပျော်တော့ပေ။.........မကြာခင်မှာ ရှီယန်ချင်းက တင်တောင်းကြေးလာပို့တော့မယ်။

"အာ့ကော၊ ကော အခုလှုပ်ရွပြီး လှည့်မနေလို့ရမလားဗျ။" 
လော့ရိက သူ့စောင်ကိုဆွဲကာ သူ့ကိုယ်သူ တင်းတင်းပတ်လိုက်ပြီး ရှီယန်ချင်းဝယ်ပေးသည့် အပ်ချည်များရပြီးကတည်းက စိတ်မငြိမ်နိုင်သေးသည့် သူ့အာ့ကောအားကြည့်လိုက်သည်။ သူတကယ့်ကို ကူရာကယ်ရာမဲ့နေလေပြီ။
"စောင်ထဲမှာ အပူငွေ့နည်းနည်းလေးပဲရှိတာ၊ အခု ကောကန်ထုတ်နေလို့ ဘာမှမရှိတော့သလောက်ဖြစ်နေပြီဗျ။"

အဲ့တာက အပ်ချည်အတွဲလိုက်လေးပဲမဟုတ်ဘူးလား။ သူက အဲတာကို တကယ်ကြီး ဒီလောက်ထိကြိုက်နေတာလား။ ဒါမှမဟုတ် ရှီကောက တင်တောင်းကြေးလာပို့တော့မှာမို့လို့များ သူ့အာ့ကောက စိတ်လှုပ်ရှားနေတာလား။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now