Chapter -8(နွားငှားခြင်း/နွားငှားခြင်း)

1.9K 308 8
                                    

#unicode

သူကျော်လွှားသွားနိုင်တာကြောင့်ဖြစ်နိုင်သလို 'ငါ့မှာ ဆုံးရှုံးစရာဘာမှမရှိပါဘူးလေ'ဟူသော သဘောထားရှိနေခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အရိုက်ခံရပြီးနောက်တွင် လော့ဖေး၏ စိတ်နေသဘောထားမှာ ယခင်ကထက်ပိုကောင်းလာခဲ့သည်။ လော့မိသားစုက သူ့ကို ဤကဲ့သို့တွေ့ရသောအခါ နောက်ဆုံးတွင် သူ့နှလုံးသားထဲ၌ ထိုအရာအားလွှတ်ချလိုက်သည်ကို ကြည့်နေကြရင်း မိသားစုတစ်ခုလုံး၏လေထုမှာလည်း အတိတ်ကအတိုင်းပြန်ဖြစ်သွားလေသည်။

တစ်ခုတည်းသောပြစ်ချက်မှာ နောက်ပိုင်းနေ့ရက်တိုင်းတွင် လော့ဖေးသည် ရှီယန်ချင်းအကြောင်းသာ အမြဲတွေးနေမိတော့သည်။ သူအသုံးပြုသည့်ကြွေပြားလေးမှာ ရှီယန်ချင်းပေးထားခြင်းဖြစ်သောကြောင့် သူရေအိမ်သို့သွားပြီး ထိုအရာအား အသုံးပြုလေတိုင်း ရှီယန်ချင်းအား တွေးမိရလေသည်။ ထို့နောက် အစတွင် သူ'နံပါတ်နှစ်'ကို လုပ်တိုင်း သူ့ကိုသတိရခဲ့ပြီး နောက်ပိုင်းတွင်တော့ ၎င်းကအကျင့်ဖြစ်လာပြီး သူရေအိမ်ကိုမြင်တိုင်း ထိုသူ့အကြောင်းစဉ်းစားမိလေတော့သည်။ ဒါက ဆိုးဝါးလှသည်။

သူသည် တစ်နေ့ကို သုံးနပ်စားပြီး သူနေ့တိုင်း တဲငယ်လေးသို့သွားသည့် အကြိမ်‌ရေမှာ သုံးကြိမ်ထက်မကပေ။ ပြောရမယ်ဆို၊ သူရှီယန်ချင်းအကြောင်းတွေးမိသည့်အကြိမ်ရေက သူစားသောက်သည့် အနပ်ရေထက်ပင်ပိုမြင့်လေသည်။

လော့ဖေးမှာ ရှီယန်ချင်းကတမင်လုပ်တာဖြစ်ပြီး သူ သူ့ကိုနေ့တိုင်းငြိတွယ်နေအောင် တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ သူ့ဆီပို့လိုက်တာဖြစ်ရမည်ဟု သံသယဝင်နေမိသည်။

ဒါက သေချာပေါက်ကို အနေခက်လွန်းတယ်! ကျိန်းသေ အန္တရာယ်များလွန်းတယ်!

ထိုနေ့တွင် ညစာစားပြီးနောက် လော့ဖေးသည် ရေအိမ်သို့သွားခဲ့ပြီး သူပြန်ထွက်လာချိန်တွင် ရှီယန်ချင်းအားသူ့နှလုံးသားထဲ၌ တစ်ကြိမ်ထပ်၍ ကျိန်ဆဲလိုက်ပြန်သည်။ ထို့နောက်တွင် လော့ထန်း သူ့အားခေါ်နေသည်ကို ကြာလိုက်ရ၏။

လော့ထန်းသည် မီးခိုးရောင်ကောင်းကင်ပြင်ကြီးအားကြည့်နေခဲ့ပြီး လော့ဖေးအားပြောလိုက်သည်။
"အာ့ပေါင်၊ မင်းရဲ့ ဦးလေးဟန်အိမ်ကို သွားလိုက်။အဖေ ဒီနေ့ရာသီဥတုသာယာနေတာကိုတွေ့တယ်။ မနက်ဖြန်လည်း ရှင်းလင်းနေဦးမှာပဲ။ မင်းရဲ့ဦးလေးဟန်မိသားစုကိုသွားမေးလိုက်၊ သူတို့ရဲ့နွားလှည်းကို မနက်ဖြန်သုံးမှာလားလို့။ သူတို့မလိုဘူးဆိုရင် အဖေတို့ကို တစ်ရက်စာငှားပေးပါလို့။ အဖေက မင်းရဲ့အစ်ကိုကြီးနဲ့ သစ်နည်းနည်းခုတ်ပြီးအခြောက်ခံဖို့ တောင်ပေါ်ကိုသွားရမယ်။ ပြီးရင် မင်းအတွက် ပရိဘောဂတစ်ချို့လုပ်ပေးဖို့ ပြန်ယူလာရမယ်။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Dove le storie prendono vita. Scoprilo ora