Chapter-13(ကိုယ်တိုင်းယူမယ်/ကိုယ္တိုင္းယူမယ္)

1.7K 273 3
                                    

#unicode

ရှီယန်ချင်းက တင်တောင်းကြေးပို့ပြီးနောက်တွင် လော့မိသားစုက သူ့အား အရက်တစ်ချို့သောက်ရန်နေဖို့မေးရမည်ဖြစ်သော်လည်း သူတို့က နွားလှည်းကို တောင်ပေါ်တက်ပြီး သစ်ခုတ်ရန် ငှားထားကြလေသည်။ ထို့ကြောင့် အပျော်လာရှာကြသည့်သူများ ထွက်သွားပြီးနောက်တွင် ရှီယန်ချင်းတစ်ယောက် လော့ထန်းနှင့် တောင်ပေါ်တက်ရတော့မည်ဖြစ်သည်။ ဟန်ယန်သည်လည်းပဲ သူ့မိသားသားစုက (ထမင်းစား)တူအသစ်အချို့နှင့် ကလေးများအတွက် ထိုင်ခုံအချို့လိုချင်နေတာကြောင့် သူတို့နှင့်လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သစ်ခုတ်ခြင်းလိုကိစ္စမျိုးက လူများလေပိုကောင်းလေဖြစ်သည်လေ။

လော့ဖေးသည်လည်း လိုက်သွားချင်၏။ သို့သော် သူ့မှာ သူ့အလုပ်နှင့်သူရှိနေလေသည်။ လီယွဲ့ဟွာက သူ့အတွက် ခက်ခဲသည့် အလုပ်အချို့ ပြင်ပေးထားသည်လေ။ 

အများသောအားဖြင့် ထုံးတမ်းစဉ်လာများအရ၊ ရှီယန်ချင်းက တင်တောင်းကြေးပေးချိန်တွင် ပိတ်စများနှင့် အခြားပစ္စည်းများကို ပို့ပေးရမည်ဖြစ်သည်။ သို့မှသာ မင်္ဂလာအိပ်အခင်းကို ဒီမှာ အပြီးသတ်နိုင်ပြီး သတို့သား၏အိမ်သို့ ခန်းဝင်ပစ္စည်းနှင့်အတူ ပြန်ယူသွားနိုင်မည်ဖြစ်သည်။ မိသားစုနှစ်စုသည် ကိုယ်စီလုပ်ရမည့်အရာများကို လုပ်ကာ သင့်တော်လျော်ကန်သော မင်္ဂလာအိပ်အခင်းကို အဆုံးသတ်ရမည်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ရှီယန်ချင်းနှင့်လော့ကျီတွင် သယ်ရမည့်ပစ္စည်းအလွန်များနေသောကြောင့် ပိတ်စများကို မဝယ်ခဲ့ကြပေ။ သူတို့ဘာလုပ်ရမလဲ။ လီယွဲ့ဟွာသည် သူမ၏ကလေးများနှင့်အတူ သည်ကိစ္စကိုတာဝန်ယူဖို့ ဆုံးဖြတ်လိုက်သည်။ ဤသည်က အမျိုးသားတွေ ဦးစားပေးစိုးရိမ်ရမည့်ကိစ္စမဟုတ်တာကြောင့် သူမသည် လော့ထန်းအားမေးရန် မရည်ရွယ်ထားပေ။ ထို့ကြောင့် လော့ထန်းက ထွက်ခွာဖို့ နွားလှည်းကို မယူခင် လီယွဲ့ဟွာက ပြောလိုက်လေသည်။

"ကျွန်မ အာ့ပေါင်ကို မြို့ထဲခေါ်သွားပြီး အထည်နည်းနည်းသွားဝယ်ဦးမယ်။ အိပ်ရာခင်းက အခုထိမလုပ်ရသေးဘူးရယ်။ ကျွန်မတို့ မြန်မြန်လုပ်မှဖြစ်မယ်။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now