Chapter- 9.1(အစီအစဉ်ဆွဲမယ်/အစီအစဥ္ဆြဲမယ္)

1.5K 298 0
                                    

#unicode

ကျေးလက်ဒေသတွင် ကျွဲနွားများမှာ မရှိမဖြစ်လိုအပ်သော တိရစ္ဆာန်များဖြစ်၏။ နွားတစ်ကောင်ကိုပိုင်ဆိုင်ထားသည့် မည်သူ့အတွက်မဆို သူတို့အတွက် ဘဝက သိပ်မကြမ်းတမ်းတော့ဘူးဆိုတာသေချာလေသည်။ မြင်းများအတွက်မူ အမှန်တကယ် အလွန်ကြွယ်ဝသော မိသားစုကြီးများသာလျှင် သူတို့အားပိုင်ဆိုင်ရန် တတ်နိုင်လေသည်။ မတိုင်မီက ထိုကျက်သတုံးကောင် ကျန်းယန်းဖန်နဲ့ ကျောင်းပိုင်နင် လက်ထပ်တော့ သူက မြင်းစီးနေခဲ့သည်လေ။ ငှားထားတဲ့ မြင်းလေးပေါ့။ ကျန်းယန်းဖန်ရဲ့ မိသားစုက ဟွာဖင်းရွာမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုဖြစ်တာတောင် သူ့မိသားစုမှာ မြင်းတစ်ကောင်မှမရှိဘူး။ သူ မြင်းတွေဘယ်လောက်ထိဈေးကြီးလဲဆိုတာ စိတ်ကူးကြည့်နိုင်လေသည်။

သို့သော်လည်း ထိုကျန်းမိသားစုတွင် နွားတစ်ကောင် ရှိလေသည်။

အဲ့ဒီညစ်ပတ်တဲ့အမူအရာနဲ့ ကျောင်းပိုင်နင်ကိုတွေးမိလိုက်တာနဲ့ သူ့ကို စိတ်ရှုပ်စေတယ်။ နွာလေးတစ်ကောင်ပဲမလား!!!

သူလည်းနွားတစ်ကောင်ဝယ်ချင်တယ်လေ! ကျန်းမိသားစုကကောင်ထက်ပိုကောင်းတဲ့ နွားကိုဝယ်မှာ! သူက လူတိုင်းထက် တစ်ပန်းသာချင်တဲ့လူတော့ မဟုတ်ပေမယ့် ရန်သူနဲ့တော့ ပြိုင်ရမယ်!! ကျန်းယန်ဖန်နဲ့ ကျောင်းပိုင်နင်ကြောင့် လူတွေက သူ့ကို ခဏခဏလက်ညိုးထိုးလာကြတာ။ ဘာပဲအပြောခံရပါစေ၊ သူပြန်တိုက်ရမယ်!!!

လော့ဖေးက ရှီအိမ်၏တံခါးတွင် မတ်တပ်ရပ်လိုက်သည်။

"ရှီယန်ချင်း၊ ခင်များရှိလား။"

ရှီယန်ချင်းက ပြောလိုက်၏။

"ကိုယ်ရှိတယ်၊ တံခါးလော့မချထားဘူး။ ကိုယ့်ဘာသာဝင်လာခဲ့လိုက်နော်!"

လော့ဖေးတစ်ယောက်တံခါးကိုတွန်းလိုက်သောအခါ တံခါးက ပွင့်သွားသော်လည်း ရှီအိမ်၏တံခါးမှာ အနည်းငယ်လေးလေသည်။ ထို့ကြောင့် သူ ပထမတစ်ကြိမ်တွန်းလိုက်ပြီး တံခါးကို အကုန်မပွင့်သွားစေနိုင်ခဲ့ပေ။

မှောင်နေပြီး ရှီယန်ချင်းမှာ ဆီမီးအိမ်များကို ထွန်းထားခဲ့သည်။ လော့ဖေး ဝင်လာသောအခါ သူသည် အလင်းထဲ၌ အထည်များအား စိတ်ရှုပ်ထွေးစွာဖြင့် ကိုးရိုးကားယား စိုက်ကြည့်နေရင်း အပ်သေးသေးလေးအားကိုင်ထားသည်အားတွေ့လိုက်ရသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now