Chapter - 16.2(မက်မွန်ပန်းပင်/မက္မြန္ပန္းပင္)

2.1K 324 7
                                    

#unicode

ဤကမ္ဘာ၏ ကျေးလက်ဒေသတွင် လူများသည် ဂုဏ်ပြုစားပွဲများအတွင်း လွတ်လွတ်လပ်လပ်စားသောက်ကြသည်။ ထို့ကြောင့် အခြေခံအားဖြင့်မည်သည်မျှမကျန်တော့ပေ။ ကျန်ခဲ့သည့်အရာဆိုလို့ ငါးနှင့်အသားတစ်ချို့သာရှိသည်။ သို့သော် ၎င်းတို့ကိုလည်း လာကူချက်ပြုတ်ပေးသည့် အန်တီကြီးကို ပေးလိုက်ပြီးဖြစ်သည်။ ဤသည်က သူတို့၏အကူအညီအတွက် အနည်းငယ်မျှပြန်ပေးရုံသာရှိသည်။ သိပ်မများသော်လည်းပဲ ဖရဲစေ့၊ မြေပဲ နှင့် မုန့်များကို ကလေးများအကြား ခွဲပေးလိုက်သည်။ အခုတော့ သူတို့မှာ ပန်းကန်ခွက်ယောက်များဆေးပြီး စားပွဲများကိုသုတ်ကာ ပိုင်ရှင်အိမ်သို့ ပြန်ပို့ပေးပြီးနောက် ခြံထဲကို တံမြက်စည်းလှည်းရန်သာရှိတော့သည်။

ရှီယန်ချင်းသည် ပန်းကန်ဆေးရန်အတွက် လီယွဲ့ဟွာနှင့်တိုက်ခိုက်မနေတော့ပဲ၊ ထိုအစား သူက စားပွဲခုံများနှင့် ထိုင်ခုံများကို သုတ်ပြီး အတူတူစုထားရန် ထွက်သွားလေသည်။ တစ်ခဏကြာပြီးနောက်တွင် ထိုင်ခုံတွေကို စီမံဖို့ တာဝန်ယူထားသည့် လော့ကျီတစ်ယောက် ရောက်လာလေတော့သည်။ သူက အိမ်ရှေ့ရှိ စားပွဲခုံနှင့် ထိုင်ခုံ အပုံလိုက်လေးကို ညွှန်ပြကာ ပြောလာသည်။
"ရှီတိ(ညီလေးရှီ)၊ မင်းတို့ရဲ့ စားပွဲနဲ့ ထိုင်ခုံတွေကို မင်းတို့အတွက် ဒီမှာယူထားလိုက်။ ကျန်တာတွေကို ငါနဲ့ ဟန်ယန်း ပြန်ပို့လိုက်မယ်။ ဒီနေ့ မင်းစောစောနားသင့်တယ်နော်။"

ရှီယန့်ချင်းမှာ အလုပ်များကို ဟန်ယန်းနှင့် လော့ကျီထံတွင် ဒီအတိုင်းမထားခဲ့နိုင်ပါချေ။
"အတူတူသွားပို့ကြမယ်လေဗျာ။ အတူတူသွားပို့တာက ပိုမြန်တာပေါ့။"

ဟန်းယန်းက ရွှင်ပျစွာပြုံးပြီး ရှီယန့်ချင်း၏ပုခုံးများကို ပုတ်လိုက်သည်။
"ကောင်စုတ်လေး! ဘယ်လိုလုပ် သတို့သားအသစ်လေးက စားပွဲတွေ၊ ထိုင်ခုံတွေကို သွားပြန်ပို့လို့ရမှာလဲ။ မင်းရဲ့ကောတွေကို အရမ်းကြီးယဉ်ကျေးမနေစမ်းပါနဲ့။ ငါတို့တွေက အပြင်လူတွေမဟုတ်ဘူးလေကွာ။"

ရှီယန့်ချင်းသည် လော့ဖေးအား အိမ်တွင် တစ်ယောက်တည်းထားခဲ့ရမည်က သင့်တော်ပုံမပေါ်ကြောင်း တွေးမိတာကြောင့် သူက ခေါင်းညိမ့်ကာပြောလိုက်သည်။
"ကြိုးပမ်းပေးလို့ကျေးဇူးတင်ပါတယ်ဗျ။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now