Chapter-14(ဥဩငှက်/ဥဩငွက္)

1.5K 296 6
                                    

#unicode

ယွီချင်းတိုင်းပြည်ရဲ့ အစဉ်အလာအရ တင်တောင်းကြေးပေးပြီး လက်ထပ်ရက်ကို သတ်မှတ်ပြီးနောက် နောက်ရက်များအတွင်းတွင် စုံတွဲမှာ တစ်ယောက်နှင့် တစ်ယောက်မတွေ့သင့်တော့ပေ။ လော့ဖေးမှာ သူရှီယန်ချင်းကို တွေ့ပြီး သူ့ငှက်အကြောင်းတွေးမိမည်ကို စိုး၍ ထိုနည်းလမ်းမှာ အလွန်ကောင်းလှသည်ဟု ခံစားနေရသည်။

ထို့ကြောင့်ပဲ ပြီးခဲ့သည့် ဆယ်ရက်တွင်  လော့အိမ်သို့ ရှီယန်ချင်းသွားချိန်တိုင်း  သူက လုပ်စရာရှိတာကို အပြေးအလွှားလုပ်ပြီး လော့ဖေးကို မတွေ့ပဲ ပြန်သွားရလေသည်။ တကယ်တမ်းတော့ လော့ဖေးကိုယ်တိုင်လည်း လက်ထပ်ပွဲနေ့တွင် သုံးမည့် ပန်းကန်ခွက်ယောက်များ၊ ဧည့်သည်များအတွက် စားပွဲနှင့် ထိုင်ခုံများ အစရှိသဖြင့် ပြင်ဆင်စရာအများကြီး ရှိလေသည်။ သည်နေရာတွင် သူတို့၏အိမ်ထောင်စုမှ အသုံးပြုနိုင်မည့်အရာ သိပ်မရှိပေ။ ထို့ကြောင့် လက်ထပ်ပွဲအခမ်းအနားတစ်ခုကို ပြင်ဆင်ချိန်တွင် ထိုနေ့အတွက် ပစ္စည်းတစ်ချို့ကို လျှောက်ပတ်ငှားဖို့ လိုပေသည်။

လော့မိသားစုအပြင် ရှီယန်ချင်းအတွက် လက်ထပ်ဖို့အချင်းအရာနှင့် ပတ်သတ်ပြီး မေးမြန်းဖို့ အကူအညီအရဆုံးအရင်းအမြစ်မှာ  ဟန်ယန်ဖြစ်သည်။ သူတို့က ကလေးဘဝတည်းက အခုအထိ အတူတူကြီးပြင်းခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူတို့ မဆုံဖြစ်ခဲ့ကြသော်လည်း သူငယ်ချင်းတွေကြားမှဆက်ဆံရေးမှာ ယုံကြည်စိတ်ချရဆဲပင်။ အခြေခံအားဖြင့် ယခု ရှီယန်ချင်းက ဘာကိုပဲ နားမလည်ပါစေ၊ သူက လော့ကျီကို မမေးလျှင် ဟန်ယန်ကို မေးနိုင်သည်လေ။

လော့ဖေးအတွက်မူ လက်တလော၌ ရှီယန်ချင်းအတွက် မင်္ဂလာဝတ်စုံနှင့် စောင်များ ချုပ်ခြင်းဖြင့် အိမ်တွင် အလုပ်များနေလေသည်။ သူက လက်မြန်ပြီး အချုပ်အလုပ်လည်း သွက်လက်သည်။ ထို့ကြောင့် ရှီယန်ချင်းအတွက် မင်္ဂလာဝတ်စုံမှာ လေးရက်ကြာပြီးနောက် ပြီးကာနီးနေပြီဖြစ်သည်။ လက်အနားနှင့် လည်ပင်းအဟိုက်တို့တွင် ပန်းထပ်ထိုးရန်သာရှိတော့သည်။ ဤနေရာမှ အလင်းက ဆိုးရွားသောကြောင့်သာမဟုတ်လျှင်၊ သူသာ တစ်ခြားသော ပန်းထိုးထည်အပိုင်းအစတွေလုပ်ဖို့ အချိန်နည်းနည်းလောက် မယူခဲ့လျှင် သူ သူတို့ကို ဒီထက်မြန်မြန်တောင် ပြီးနိုင်သေးသည်။ အိပ်အခင်းများနှင့် အိပ်အခင်းစွပ်အတွက်တော့ အိပ်အခင်းက ချည်အထပ် တစ်ထပ်ပြီးတစ်ထပ်နှင့် ဖိသိပ်သွင်းရန်လိုသည့်အတွက် သူ အိပ်အခင်းစွပ်သာလုပ်နိုင်လေသည်။ သူသည် ထိုနေရာတွင်‌မတော်ပေ။ ထို့ကြောင့် လီယွဲ့ဟွာက လုပ်ပေးလိမ့်မည်ဖြစ်သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)On viuen les histories. Descobreix ara