Chapter - 35.2(ဒဏ်ရာရသွားတဲ့ ချင်းကော/ဒဏ္ရာရသြားတဲ့ ခ်င္းေကာ)

673 133 4
                                    

#Unicode

လော့ဖေးက ဆိုလေသည်။
"ဘာမှမလုပ်ပါဘူး အန်တီ။ မျက်လုံးပွတ်ရုံ ပွတ်နေတာ။ ဒီနှစ်ရက်အတွင်း ကျွန်တော် အပ်ချုပ်တာ နည်းနည်းများသွားတယ်လေ။ အရမ်းမသက်မသာဖြစ်နေလို့။"

လက်ရှိတွင်၊ အန်တီကျိုးသည်လည်း လော့ဖေးက အမြဲတမ်း အပ်ချုပ်နေတတ်ပြီး အရမ်းကောင်းတဲ့ အလုပ်တစ်ခုလုပ်နေကြောင်း သိထားလေသည်။ ထို့ကြောင့် သူမက စိုးရိမ်တကြီး ပြောလာသည်။
"သားကိုယ်သားလည်း ဂရုစိုက်ဦး။ စားဝတ်နေရေးအတွက် အချုပ်အလုပ်ပေါ်ကိုပဲ မှီခိုနေလို့မဖြစ်ဘူးလေ။ ကြာကြာလုပ်ရင် သားနေမကောင်းဖြစ်လိမ့်မယ်နော်။"

"မစိုးရိမ်ပါနဲ့ အန်တီကျိုး၊ ကျွန်တော် တွေးကြည့်လိုက်ပါ့မယ်။"
လော့ဖေး ပြုံးပြလိုက်သည်။
"ဒါဆို အန်တီလုပ်စရာရှိတာ လုပ်လိုက်ဦးလေနော်။ ကျွန်တော်လည်း ဟင်းရွက်ခြံကို တစ်ချက်သွားစစ်ကြည့်လိုက်ဦးမယ်။"
ကြက်ပေါက်လေးများနှင့် ဘဲပေါက်လေးများမှာ ပိုကြီးလာလေလေ၊ အစားပိုကြီးလာလေလေဖြစ်သည်။ တချို့မြက်တွေနှင့် အနောက်ခြံထဲမှာရှိတဲ့ ဘာမဆို သူတို့စားနိုင်ကြသည်။ သူ နည်းနည်းလောက်ထုတ်ယူပြီး ခုတ်ထစ်ကာ ကြက်ပေါက်လေးများနှင့် ဘဲပေါက်လေးများကို အစာကျွေးနိုင်လေသည်။ ကြက်များဘဲများကို အစာကျွေးပြီးနောက် လော့ဖေးက သခွားသီးနှစ်လုံးခူးလိုက်သည်။ သူ နေ့လည်စာအတွက် သခွားသီးထောင်းအသုပ်နည်းနည်းလောက် လုပ်လိုက်ပြီး ထို့‌နောက် ဒီဇိုင်းအသစ်နည်းနည်းလောက် ဆွဲဖို့ စဉ်းစားလိုက်သည်။

ရှီယန့်ချင်းက သူ့ကို စုတ်တံ၊ မှင်နှင့် စာရွက်တို့ ဝယ်ပေးထားသည်လေ။ အဲ့တာတွေကို သူ ပိုရှုပ်ထွေးတဲ့ ဟာတွေ ဆွဲမှသာ သုံးလေ့ရှိသည်။ ဒါပေမယ့် ဒီတစ်ခေါက်တော့........သူဘာလို့ ကြာကန်ထဲက ငါးကြင်းပေါက်စလေးတစ်ကောင်ပုံ မဆွဲရမှာလဲ။

"ခွမ်း!"
ပုံဆွဲနေရင်း တန်းလန်း၊ သူ ရေဖန်ခွက်ကို တိုက်ချမိသွား၏! အသေးစိတ် စေ့စေ့စပ်စပ်ဆွဲထားတဲ့ ပုံလေး စိုရွှဲရပြီ!

လော့ဖေး အရမ်း စိတ်ဆိုးသွားမိပေမယ့် စိတ်ဆိုးပြီးနောက်မှာတော့ တစ်မျိုးတစ်ဖုံ စိုးရိမ်ကြောင့်ကြမှုကို ခံစားလိုက်ရသည်။ ရိုးရိုးရှင်းရှင်းပဲ သူ့ပစ္စည်းတွေကို သိမ်းလိုက်ပြီး စက္ကူလုံးအား မီးလင်းဖိုဆီ လွှင့်ပစ်လိုက်သည်။ ထို့နောက် လုပ်နေတာတွေကို လတ်စသတ်လိုက်ကာ ဟန်ရှုအိမ်သို့သာ သွားလိုက်တော့၏။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now