Chapter - 36 (သူဌေး ကျောက်ချွမ်မုန်)

790 118 7
                                    

#Unicode

ထုံစံအတိုင်းပင်၊ လော့မိသားစု ရှီယန့်ချင်း ဒဏ်ရာရသွားကြောင်း သိလိုက်ရချိန်တွင် သူတို့အားလုံး အလည်ရောက်လာကြပြီး လူနာလာကြည့်ကြသည်။ နောက်တော့ လော့ကျီက သူ့ကို ပြုစုစောင့်ရှောက်ပေးဖို့ ကျန်နေခဲ့လိုက်၏။ သို့ဖြစ်ရာ ရှီယန့်ချင်း အဖျားတက်လာသည်နှင့် သူ သမားတော်လျန်ကို သွားပင့်လိမ့်မည်သာ။ သမားတော်လျန်က သူ့ကို လာစစ်ပေးပြီးနောက် အဖျားကျစေမယ့် ဘာအထူးတလည်နည်းလမ်းမျိုးကိုမှ မပြောခဲ့ခြင်းသာဖြစ်သည်။ သူ ရှီယန့်ချင်းခြေထောက်ကို အိုင်းရစ်အရွက်အရောအနှောအသစ်ဖြင့် ဆေးထပ်စည်းပေးခဲ့ပြီး ၎င်းကို ရှီယန့်ချင်း သောက်ဖို့အတွက်လည်း လော့ဖေးအား ကျိုခိုင်းခဲ့သည်။ ထို့နောက် သူ ချက်ချင်းပင် ပြန်ကြွသွားတော့သည်။ သို့ပေမယ့် သူမသွားခင်မှာတော့ ရှီယန့်ချင်း ပြန်သက်သာဖို့ ရက်နည်းနည်းလောက် ကြာဦးမည်ဟု ပြောသွားခဲ့သည်။

လော့ဖေး ထိုစကားများအား ကြားလိုက်ရပြီးနောက် သမားတော်လျန်ကို ဆွဲလားရမ်းလားလုပ်ကာ မေးမိတော့သည်။
"ဦးလေးလျန်၊ သူ ပြန်ကောင်းလာမယ်လို့ ဦးလေး အာမခံနိုင်လား၊ သေချာလားလို့။"

သမားတော်လျန်က ဆိုလေသည်။
"အာ့ပေါင်လေး၊ ဒီလိုကိစ္စမျိုးကို ဘယ်သူမှ အာမမခံရဲဘူးကွ။ ဒါပေမယ့် လူငယ်လေးရှီရဲ့ ခန္ဓာကိုယ်က သန်မာကြံ့ခိုင်ပြီးသားပါ။ ပြီးတော့ မင်းလည်း သူ့ကို ကောင်းကောင်း ပြုစုပေးထားတာပဲကို၊ ဦးလေးတော့ သူပြန်ကောင်းလာမယ်လို့ ထင်တယ်။"

ယင်းစကားလုံးများမှာ နှစ်သိမ့်ပေးရုံလောက်တာ ဖြစ်တာမို့ လော့ဖေးမှာ အတော်လေး စိတ်မချနိုင်ဖြစ်နေရဆဲ။

လော့ဖေးတစ်ယောက် စိတ်ပူပန်နေသည်ကို မရပ်တန့်နိုင်ဆဲဖြစ်ရာ မကြာခဏတိုင်း၊ သူ ရှီယန့်ချင်းကို သဘက်အအေးတစ်ထည်လဲလဲပေးနေမိကာ သူ့လက်နှင့် ခြေထောက်များအား မရေမတွက်နိုင်အောင် ပွတ်သုတ်ပေးနေမိသည်။

ဤနေရာတွင် ဘယ်အထူးတလည် အဖျားကျဆေး၊ သို့မဟုတ် ပိုးသတ်ဆေးတို့မှ မရှိပေ။ လော့ဖေးမှာ သူ့စိတ်နှလုံးထဲရှိ ဗဟုသုတအသိပညာများအား မွှေနှောက်ပြီး ရှီယန့်ချင်း၏ ပြဿနာကို အလျင်အမြန် ကုစားပေးနိုင်မည့် မည်သည့်တစ်စုံတစ်ရာကိုမှ မတွေးတောနိုင်ရှာပေ။ သို့စေကာမူ၊ ရှီယန့်ချင်း သူ့ကိုပြောပြဖူးသည့် ဒုဓလီပန်းများက အဖျားကျနိုင်သည့်အကျိုးသက်ရောက်မှုရှိသည်ဆိုသည်အား သူ ရုတ်တရတ် ပြန်အမှတ်ရလိုက်မိသည်။ ထို့ကြောင့် လော့ကျီကို ပြန်လိုက်ပို့ခိုင်းတော့မည့် သမားတော်လျန်အား အလျင်စလို တားလိုက်တော့၏။
"ဦးလေးလျန်၊ ဦးလေးလျန်၊ ကျွန်တော့်မှာ မေးခွန်းနောက်တစ်ခုရှိသေးတယ်။ ကျွန်တော် အဖွားကြီးအပင် (ဖောဖောတင်း)*ကို ချင်းကောကို ကျွေးလို့ရလား။"

You've reached the end of published parts.

⏰ Last updated: Mar 27 ⏰

Add this story to your Library to get notified about new parts!

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now