Chapter - 31end (ကောက်ညှင်းထုပ်ကြိုးကို ညင်သာစွာ ဖြည်ခြင်း)

967 176 7
                                    

#unicode

"မေးစရာလိုသေးလို့လား။ အစကတည်းက ညီမလေးအတွက် လုပ်ထားတာလေ။ အဲ့တော့ လိုချင်ရင် ယူသွားလိုက်။"
လော့ဖေးက အပြုံးလေးတစ်ပွင့်နှင့် ပြောလိုက်လေသည်။

"ညီမလေးပြန်ရောက်ရင် အသားတွေကို အရင်ဆုံး အတုံးလေးတွေတုံးထားလိုက်။ ညီမလေး ဝက်သားနှပ်ချက်တုန်းကလိုမျိုး အတုံးကြီးတွေအတိုင်းပဲ တုံးနော်။ မပိန်မပါးလေးတွေလည်း ဖြစ်ရမယ်။"

"ရပြီ!"
လော့ရူက အမွှေးအိတ်ကို သူ့လည်ပင်းတစ်ဝိုက်၌ ချိတ်ဆွဲလိုက်ပြီး စိတ်အခြေအနေကောင်းစွာ ထွက်သွားတော့သည်။ သူမ၏ ဒုတိယအစ်ကိုက အချုပ်အလုပ်တော်ကြောင်း သူမ သိပြီးသားပေမယ့် ဒီလောက်ထိ တော်နေလိမ့်မည်လို့တော့ မထင်မှတ်ထားခဲ့ပေ။ သူမသာ ဒီအမွှေးအိတ်လေးကို အပြင်ထုတ်ဝတ်မယ်ဆို လူတွေကို မနာလိုဖြစ်ပြီးသေအောင် လုပ်နေတာမဟုတ်ဘူးလား။

လော့ရူသည် တစ်ယောက်ယောက်က သူမ၏ အမွှေးအိတ်လေးကို မြင်တာနဲ့ ဘယ်သူချုပ်တာလဲဟု ကျိန်းသေပေါက် မေးမြန်းကြလိမ့်မည်လို့ ခံစားနေမိသည်။ သို့သော် သူမအား ဤမေးခွန်းကို ပထမဆုံး မေးမြန်းလာသူမှာ ကျောင်းပိုင်နင်ဖြစ်နေလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့မိပေ။

ကျောင်းပိုင်နင်က လက်ထဲမှာ စက်ချုပ်အိတ်လေးအား ကိုင်ထားပြီး ကြည့်ရတာ သူ့အမေ၏ အိမ်မှ အိမ်သို့ ပြန်လျှောက်လာပုံရသည်။ သူနှင့် လော့ရူတို့က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိကြပြီး လော့ရူက သူ့အား စိုက်ကြည့်ကာ ထွက်သွားဖို့ ဘေးသို့ ခြေလှမ်းလိုက်လေသည်။ သို့သော် ကျောင်းပိုင်နင်က သူ့အား တားလိုက်၏။
"လော့ရူ၊ နေဦး!"

လော့ရူသည် အကွာအဝေးကို ထိန်းထားလိုက်ရင်း
"ငါက ဘာလို့နေရမှာလဲ။"

ကျောင်းပိုင်နင်က မေးလိုက်သည်။
"ဒီအမွှေးအိတ်ကို မင်းဘယ်ကဝယ်လာတာလဲ။"

ကျောင်းပိုင်နင်သည် ၎င်းက သာမန်အမွှေးအိတ်လေးသာဖြစ်ပါက ကျိန်းသေပေါက် မေးမိမည်မဟုတ်ပေ။ ဒါပေမယ့် ဒီအမွှေးအိတ်ပေါ်ရှိ လက်ရာမှာ တကယ်ပဲ ရင်းနှီးနေတယ်လို့ သူတွေးမိလိုက်လို့! အရွယ်အစားကတောင် ပြီးခဲတဲ့နှစ်ရက်က သူ့အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့တဲ့တစ်ခုနဲ့ တစ်ရွယ်တည်းဖြစ်နေတယ်!

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now