Chapter - 19 (အနမ်းလေးတစ်ပွင့်) unicode

2.1K 250 13
                                    

#unicode

အစကတော့ လော့ထျန်းနှင့် လီယွဲ့ဟွာတို့က လော့ဖေး ရှီအိမ်ဆီ လက်ထပ်သွားပြီးနောက် နှစ်ရက်တောင်မကြာသေးခင်မှာ သူ အိမ်ပြန်ချင်လို့ ငိုယိုအော်ဟစ်နေမှာကို စိုးရိမ်နေခဲ့ကြသည်။ ဒီကလေးက တကယ်ကြီး အောင်အောင်မြင်မြင်အခြေချပြီး အမြစ်တွယ်နိုင်သွားလိမ့်မည်ဟုတော့ သူတို့ မမျှော်လင့်မိခဲ့ကြပေ။ သူတို့တွေသိသိသာသာပဲ အချင်းချင်း အတော်တော်နီးနီးမှာ နေထိုင်နေကြပေမယ့် သူက သူ့မိဘတွေအိမ်ကို တကယ်ကြီး တစ်ခေါက်တောင် ပြန်မလာဘူးလေ။ မူလက လီယွဲ့ဟွာက လော့ဖေး ဘယ်လိုနေလဲကြည့်ရအောင် ရှီယန်အိမ်ကို သွားချင်နေခဲ့ပေမယ့် လော့ထျန်းရဲ့ တားဆီးခြင်းခံလိုက်ရလေသည်။

"ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။"
လော့ထျန်းက ဆို၏။
"နည်းနည်းလောက်ပဲထပ်စောင့်လိုက်။ သူတို့လာလည်တဲ့အခါ မင်းသူ့ကို တွေ့ရမှာပေါ့။ ရှီယန့်ချင်းကို စိတ်ပူရအောင်မလုပ်စမ်းပါနဲ့။"

ယွီချင်းတိုင်းပြည်၏ ထုံးတမ်းအစဉ်အလာများအရ သတို့သမီး၏ မိဘအိမ်သို့ လည်ပတ်ခြင်းသုံးမျိုးရှိလေသည်။ တစ်ခုက လက်ထပ်ပြီး ခြောက်ရက်မြောက်နေ့တွင်ဖြစ်ကာ ဒုတိယတစ်ခုမှာ ဆယ်ခြောက်ရက်မြောက်နေ့ဖြစ်ပြီး တတိယကတော့ နှစ်ဆယ့်ခြောက်ရက်မြောက်နေ့တွင်ဖြစ်သည်။ လတိုင်း၏ 'ခြောက်ရက်မြောက်'များအားလုံးအရ ဆိုလိုသည်ကတော့ အနာဂတ်မှာ အရာအားလုံး ချောချောမွေ့မွေ့ သွားလိမ့်မည်ဟူ၍ ပင်ဖြစ်သည်။ ဤကာလအတွင်း မည်သူကမှ စောစောလာမလည်ကြသည်တော့ မဟုတ်ပဲ အချို့သောမိခင်များက သူတို့ရဲ့ ကိုယ်ပိုင်ကလေးများကို ကြည့်ဖို့ သွားပင်သွားကြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်ပါက နောက်ကျောကွယ်ရာတွင် လူအများ၏ အတင်းအဖျင်းအပြောခံရလွယ်လေသည်။ 'သူတို့ရဲ့ကလေးတွေကို အိမ်ကနေလက်ထပ်ပေးပြီးထည့်ပေးလိုက်ရသည့် မိသားစုက ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့် အဆင်မပြေဖြစ်နေခြင်း' မဟုတ်လျှင်တောင် 'အဲ့ကလေးရဲ့ လက်ထပ်ခြင်းက အဆင်မချောလှဘူး' ဟူ၍ ဖြစ်သွားလိမ့်မည်သာ။ မည်သို့ပင်ဆိုစေကာမူ ကောင်းတာတစ်ခုမှ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မည်သူကမှ ၎င်းကို လုပ်လေ့လုပ်ထမရှိ။ နောက်ဆုံးက ခြောက်ရက်လောက်ပဲလေ။ အဲ့တော့ ကြာချိန်အကြောင်းပြောရရင် သိပ်တော့ မများလှ။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now