Chapter - 18.2 (စိတ်အနှောင့်အယှက်ပေးတဲ့လူပျိုလေး/စိတ္အေႏွာင့္အယွက္ေပးတဲ့လူပ်ိဳေ)

1.6K 274 14
                                    

#unicode

လော့ဖေးက အတိမ်းအစောင်းမခံသည့်နေရာကို ချုပ်နေတာဖြစ်သော်လည်း တကယ်တမ်းကျ မှားချုပ်မိနေတာဖြစ်သည်။ အဓိကအကြောင်းပြချက်မှာ အလင်းရောင်က တအားမှိန်ဖျော့လွန်း၍သာ။ သူ အပိုင်းတွေကို မှားတွဲမိနေလေသည်။ သူက ဒီဇိုင်းအတွက် ဂျီဩမေတြီအကွက်ပေါင်းများစွာ လုပ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး တွဲစပ်ပြီး ထွက်လာသည့်ရလဒ်က သူလိုချင်သလိုမဟုတ်ခဲ့ပေ။ နောက်ပြီး သူ အနှောင့်ယှက်ခံလိုက်ရတာကြောင့် ပြန်သာအော်ပစ်မိတော့သည်။
"ဘာလို့ ကိုယ့်ဘာသာမယူသွားလဲ! စိတ်မဝင်စားဘူး! ကိုယ်လုံးတီးသာ ထွက်လာခဲ့လိုက်တော့!"

ရှီယန့်ချင်းက မတ်တပ်ရပ်လိုက်လေပြီး သည်လိုတိတ်တဆိတ်မတ်တပ်ရပ်နေခြင်းက လူတွေအား သူက ရေစည်ထဲမှာရှိနေတုန်းဟု အထင်မှားသွားစေလေသည်။ ထို့နောက် သူက ဖိနပ်တောင်မစီးပဲ ခြေဗလာနှင့် ရေတစ်စက်စက်ကျကာ အိမ်ထဲဝင်လာလိုက်၏။

"ခင်များ....."
လော့ဖေးက မှိန်နေပြီးသားအလင်းကို တစ်ခုခုကာထားပြီး မှောင်လာကြောင်း ခံစားမိလိုက်လေသည်။ သူ မော့ကြည့်လိုက်တော့ ချက်ချင်းပင် ကြက်သေသေသွားရတော့၏။
"ရှီယန့်ချင်း!  ခင်များ..ခင်များ..ခင်များ! ခင်များ လူရမ်းကားကောင်!"

"ကိုယ်က လူရမ်းကားလား။ ကိုယ့်ကို ဒီလိုထွက်လာရအောင်လုပ်တာ မင်းဆိုတာ သိသာနေတာပဲကို။"
ရှီယန့်ချင်း၏ နှလုံးသား အတွင်းနက်နက်ထဲတွင်လည်း အနည်းငယ်သော စိတ်မသက်မသာဖြစ်မှုတို့ ရှိနေလေသည်။ တကယ်တမ်းကျ သူက ဒီလောက်အသက်ကြီးနေပြီဖြစ်ပြီး ဒါက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တခြားတစ်ယောက်ကို ပြတာ ပထမဆုံးအကြိမ်လေ။ သို့သော် သူ့မျက်နှာ မပြောင်းမိအောင် ကြိုးစားထိန်းသိမ်းနေလေသည်။ ဗီရိုကို ဖွင့်ကာ အဝတ်တစ်ချို့ ထုတ်ယူလိုက်၏။
"ကိုယ့်ခန္ဓာကိုယ်က မဆိုးဘူးမလား၊ ဟမ်။"

"မဆိုးစရာလား! ကျ..ကျ...ကျွန်တော် အပြင်ထွက်လိုက်မယ်! ခင်များ ဖြည်းဖြည်းလဲ!"
လော့ဖေးမှာ ဒီတစ်ကြိမ် တကယ် နည်းနည်းလေး ကြောက်မိလေသည်။ သူ သူ့လက်ထဲက ပစ္စည်းက ပြဲရာတွေဖာဖို့ လိုမလိုလည်း ဂရုစိုက်မနေတော့။ ဘေးသို့ လွှင့်ပစ်လိုက်ပြီးနောက် သူ လှစ်ခနဲ အပြင်ပြေးထွက်လာတော့သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now