Chapter-10.2(လက်ဆောင်/လက္ေဆာင္)

1.4K 303 4
                                    

#unicode

ထိုအချိန်တုန်းက ရှီယန်ချင်းက လော့ဖေးအား အတူနေဖို့အတွက် တူညီသည့်ခေါင်းစဉ်ကိုဆွေးနွေးပြောဆိုနိုင်မည့် စိတ်သူကိုယ်တူလူတစ်ယောက်ရှာနေခဲ့ကြောင်းပြောခဲ့သော်လည်း သူထိုအရာများကို လုပ်နေသည့်အခါတွင်တော့ အစစ်အမှန်ထိမ်းမြှားလက်ထပ်ခြင်း၏ ဓလေ့ထုံးတမ်းများအတိုင်းပြုလုပ်လေသည်။ အကြောင်းပြချက်ကတော့ သူသာသိလိမ့်မည်။

"ဒီလောက်ဆို လုံလောက်သင့်နေပြီမလား။"
လော့ကျီက ပစ္စည်းများကို ကျောပေါ်ထမ်းထားပြီး သူ့လည်ပင်းနှင့်လက်များတွင်ချိတ်ဆွဲကာ ခါးတွင်ပါ ချည်ထားရလေသည်။ အခု သူ့ပုံက လူတစ်ယောက်နှင့်ပင်မတူတော့ပဲ စင်တစ်ခုလိုဖြစ်နေပြီဖြစ်သည်။

"ကျွန်တော်တို့ အိပ်ရာခင်းအသစ်တွေချုပ်ဖို့ ရက်ထည်တွေနဲ့ ချည်တွေလည်းဝယ်ရဦးမယ်။"
ရှီယန်ချင်းက ပြောလိုက်သည်။ သူယခင်က လက်မထပ်ဖူးသော်လည်း ရှီယန်ချင်းသည် သူတို့ မင်္ဂလာအိပ်အခင်းအသစ်များ ပြင်ဆင်ရန်လိုကြောင်းတော့ သိသေးသည်လေ။

"အခင်းပစ္စည်းတွေကို မနက်ဖြန်အတွက်ထားထားလိုက်ရအောင်ပါ။ ငါတို့သာ ထပ်ဝယ်နေမယ်ဆို ဒါတွေအားလုံးကို ပြန်သယ်သွားနိုင်မှာ မဟုတ်တော့ဘူး။"
အရက်နဲ့အသားတွေကိုတင် လူတစ်ယောက်တည်းသယ်နေရတာလေကွာ။
"ပြီးတော့၊ ငါတို့ ရက်ထည်နဲ့ချည်တွေကို ဘယ်လောက်များများဝယ်သင့်လဲဆိုတာ မသိဘူးလေ။ အဲ့ထက် ငါတို့ ငါးနဲ့ အသားတွေလည်းဝယ်ခဲ့တယ်လေ။ ပစ္စည်းတွေပေါ်ကိုသာ အနံ့စွဲကုန်ရင် မကောင်းတော့ဘူးလေနော်။"

"ဟုတ်တယ်။ ဒါဆို ပြန်ပြီး ကျွန်တော်တို့လိုတဲ့ အာ့ပေါင်ရဲ့ ကိုယ်တိုင်းကို သွားတိုင်းကြမယ်လေ။ ကျွန်တော်သူ့ကို ခေါ်လာပြီး သူကြိုက်တဲ့ အဆင်ကို ရွေးခိုင်းလိုက်မယ်။ ဒါပေမယ့် ဒီမှာ ကျွန်တော် ဝယ်ရမှာ တစ်ခုကျန်သေးတယ်။ ကျီကော၊ ကျွန်တော့်ကို ခဏလောက်စောင့်ပေးနော်။ ကျွန်တော် ခဏနေပြန်လာခဲ့မယ်။"

ရှီယန်ချင်းက ပြောရင်းအဝေးသို့ လျှောက်သွားတော့သည်။ သူပြန်လာသည့်အခါမှာတော့ သူ့လက်ထဲတွင် အဝတ်အိတ်လေးတစ်ခုကို ပိုက်ထားလေသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now