Chapter - 16.1(မက်မွန်ပန်းပင်/မက္မြန္ပန္းပင္)

2.1K 309 2
                                    

#unicode

ရှီယန့်ချင်းတစ်ယောက် အိမ်သို့ရောက်သောအခါ သူက နောက်ဆုံးတော့ ခေါင်းဆောင်းပဝါကို ယူပြီး ခါလိုက်ကာ လော့ဖေးပေါ်သို့ ပြန်လွှမ်းပေးလိုက်သည်။ ဒီနေ့ရဲ့ လော့ဖေးရဲ့ပုံပန်းသဏ္ဍာန်လေးကို သူ လူတွေပိုမြင်မှာ မလိုချင်တော့ပေ။

ဗျောက်အိုး၏ ရင်းနှီးနေသည့် အသံလေး ထပ်မြည်လာသောအခါ လော့ဖေးမှာ ခေါင်းဆောင်းပဝါအောက်မှ သူ့အနားတွင်ပေါက်နေ့သည့် မီးပန်းများကိုသာ မြင်နိုင်လေသည်။ သူက အိမ်မက်ထဲရောက်နေသလို ခံစားနေရသည်။ ရှီယန့်ချင်းက သူ့ကို မြေပေါ်သို့ ကူချပေးလေသည်။ သူတို့သည် အနီရောင်ပိုးသားဖဲပြားလေးကို အတူတူကိုင်ထားပြီး ခြံဝင်းထဲသို့ လှမ်းဝင်လာခဲ့ကြသည်။  သူတို့၏ဘေးတွင် မင်္ဂလာဆောင်တွင် လာပျော်ပါးကြသည့် ကလေးတစ်စုရှိနေလေသည်။ သူတို့က ပျော်ပျော်ရွှင်ရွှင်ရယ်မောနေကြပြီး ပတ်ပတ်လည်တွင် မနားတမ်း တစ်ယောက်နောက်တစ်ယောက်ပြေးလိုက်ကာ ပန်းမျိုးစေ့များကို ကြဲနေကြ၏။ ပန်းမျိုးစေ့ကြဲခြင်းမှာ စုံတွဲအသစ်လေးက ပျော်ရွှင်ရသည့်ဘဝ၊ ချိုမြိန်သည့် အိမ်ထောင်သည်ဘဝတွင် နေထိုင်ရလိမ့်မှာဖြစ်ပြီး တစ်အိမ်လုံးအပြည့် ကလေးများရလိမ့်မည်ဟူသော နိမိတ်ဆောင်သည့် ဒေသဆိုင်ရာ မင်္ဂလာပွဲအလေ့အထတစ်ခုဖြစ်သည်။

လော့ဖေးမှာ ရှီယန့်ချင်းက ကလေးများကို နည်းနည်းလောက်ပိုပြီး ကြဲပေးဖို့ ကလေးများကို အထူးတလည်ပြောသည်အထိ မသိခဲ့ပေ။

"ကျွန်တော်တော့ အဘိုးကို  အလုပ်ရှုပ်နေမိပြန်ပါပြီ၊ အဘိုးလင်း။"
ရှီယန့်ချင်းက ပြောလိုက်သည်။ သူပြောလိုက်သည့် အဘိုးလင်းဆိုသူမှာ ဟွာဖင်းရွာ၏ ရွာသူကြီးဖြစ်သည်။ ရွာသူကြီးလင်းသည် အသက်ခုနှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည်။ သူ့ဆံပင်တွေမှာ အဖြူရောင်ပြောင်းပြီးနေပြီဖြစ်သော်လည်း သူ့မျက်လုံးတစ်စုံကတော့ တက်ကြွနေဆဲပင်။ သူက ရွာရှိလူတိုင်းပေါ်တွင် မျှတ၏။ ဒီလူက ဟွာဖင်းရွာတွင် အလွန်လေးစားခံရသူဖြစ်သည်။ ထို့ကြောင့် လူငယ်များသည် သူတို့၏မင်္ဂလာဆောင်အခမ်းအနားတွင် သဘာပတိလုပ်ပေးဖို့ သူတို့ ရှာကြလေ့ရှိသည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now