Chapter-3.2(Shit Stick)

2.4K 335 5
                                    

TN/ စာကျန်ခဲ့လို့ပါ trans အတူတူပဲကို Wattpad မှာတင်ထားတာမှာ စာလိုနေတာ အိပိုင်းပြန်ရင်နဲ့မှ လိုနေတယ်ထင်လို့ novel updates သွားကြည့်မှတွေ့လို့🤧

#unicode

လော့ဖေး၏ နှလုံးသားထဲတွင် ပြောနေမိသည်။ အကယ်၍ ဒီလိုနေရာကို တစ်ယောက်ယောက်က သန့်ရှင်းရေး လုပ်ထားရင်တောင် သန့်တယ်လို့ ခံစားရမှာမဟုတ်ဘူး။ သူသည် ကြမ်းခင်းပြားနှင့်အုတ်အများအပြားကို တွေ့ဖူးသည်။ ယခု သူသည် မြေနံရံနှင့် ရွှံ့ကြမ်းခင်းတို့ကို မြင်လိုက်ရလေသည်။ ဒီမှာ သန့်ရှင်းတယ်လို့ဟု ပြောနိုင်တဲ့နေရာ တစ်နေရာမှ ရှိမနေဘူး!

သို့သော် လော့ဖေးအိမ်ထဲဝင်လာသည့်အခါမှာတော့ သူ မတတ်နိုင်စွာပင် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။ အခန်းက သူတွေးထားသည်ထက်ပင် အများကြီးပို၍ သန့်ရှင်းနေပေသည်။ ဤသည်မှာ သိသာစွာပင် တူညီသည့်‌မြေနံရံနဲ့ ရွှံ့မြေကြီးများဖြစ်သည့်တိုင် ရှီယန်ချင်း၏အိမ်မှာ သူ့အိမ်ထက် ပို၍သန့်ရှင်းနေပုံပေါ်နေသည်။ မြေပြင်က ရွှံမြေဖြစ်ပေမယ့် အလွန်နူးညံ့ချောမွေ့နေပြီး ပစ္စည်းများကိုလည်း အလွှာလိုက်အကန့်လိုက် သပ်ရပ်စွာနေရာချထားလေသည်။ မီးဖိုနှင့် စားပွဲများမှာတောင် အစွန်းအထင်းရှိမနေပေ။ ဒါက ဒီခေတ်၏ကျေးလက်ဒေသများတွင် စိတ်ကူးယဉ်ပင်ဖို့ပင် ခက်သည့်အရာဖြစ်သည်။ ဒီခေတ်မှာ ဒီလိုနေတဲ့သူဘယ်မှာရှိလို့လဲ။ ကြည့်ရသည်မှာ ဤနေရာ၌ အကြာကြီးနေထိုင်ခဲ့ဖူးသော သပ်ရပ်သည့် လူတစ်ယောက်၏အိမ်ကဲ့သို့ပင်!

"ဒါတွေအားလုံးကို ခင်များကိုယ်တိုင်ရှင်းထားတာလား။"
လော့ဖေးသည် သစ်သားထိုင်ခုံကြီးဆီသို့ မသိမသာရွေ့သွားပြီး ထိုင်ချလိုက်သည်။ သူ့နှလုံးသားတွင်တော့ အနည်းငယ် ရှော့ရနေလေသည်။

"ဟုတ်တယ်။ ပြီးတော့ မပြီးသေးပေမယ့် ဒါတွေက လောလောဆယ် ကိုယ်လုပ်ထားတာတွေပဲ။"
ရှီယန်ချင်းသည် ပြန်ပြောလိုက်ပြီး စားပွဲပေါ်မှ ခြင်းကိုယူကာ တူနှစ်စုံပါထုတ်လိုက်လေသည်။ ထို့နောက် အရွက်ချဉ်ပန်းကန်လုံးလေးကို ခြင်းထဲမှ ဖယ်လိုက်ပြီး ပန်းကန်လုံးနှစ်လုံးပါချလိုက်ကာ ထိုအထဲသို့ ရေပူအနည်းငယ်ထည့်လိုက်သည်။ သိသာစွာပင် သူသည် မုန့်ပေါင်းတွေ၏ အခြေအနေကို မြင်ပြီးဖြစ်ပေမယ့် စိတ်ပျက်နေသည့် သို့မဟုတ် စက်ဆုတ်နေသည့် အမူအရာမျိုး မဖော်ပြလာခဲ့ပေ။ တစ်ခုကို ကောက်ယူလိုက်ရင် ရေနွေးနှင့်အတူ စတင်စားသောက်လေတော့သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now