Chapter -32.2 (ဦးခေါင်းထိပ်က ဧရာမမြက်ခင်းပြင်ကြီး)

1.3K 185 3
                                    

#unicode

သူ ကလေးရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူအပျော်လွန်ခဲ့ရသည်ပင်။ သို့သော် ယခုတော့ သူအဲ့အချိန်တုန်းက မျက်စိစုံမှိတ်ယုံခဲ့မိတာကိုပဲ နောင်တရတော့တယ်။

အခုအချိန်၊ ဤအခိုက်အတန့်တွင် ကျန်းယန်းဖန်မှာလည်း ကျောင်းပိုင်နင်ကဲ့သို့ အတွေးမျိုးရှိနေလေသည်။ သူအခုနောင်တအရဆုံးကတော့ ကျောင်းပိုင်နင်ကို လက်ထပ်ဖို့အတွက်နဲ့ လော့ဖေးကို လက်လျှော့ခဲ့မိတာကိုပဲ။ အခုလော့ဖေးရဲ့ နှလုံးသားက မတူတော့ဘူးဆိုပေမယ့် တကယ်လို့ သူသာ အစကတည်းက လော့ဖေးကို လက်မလွှတ်ခဲ့ရင် ယနေ့အချိန် လော့ဖေးခုခံကာကွယ်ပေးမယ့်သူက ရှီယန့်ချင်းအစား သူများဖြစ်နေနိုင်လောက်မလား။

ကံမကောင်းစွာနဲ့ နောင်တရရင်ပျောက်တယ်ဆိုတဲ့ ဆေးမျိုး ဒီကမ္ဘာမှာ အခုထိမရှိသေးပေ။ ဆေးပလာစတာအမြောက်အများသာရှိသည်။

အိမ်သို့ အခုလေးတင်ပြန်ရောက်လာသည့် သမားတော်ကြီးမှာ ဖင်ပူအောင်ပင် မထိုင်ရသေးခင် ကျန်းမိသားစုအိမ်သို့ ထပ်မံ ပင့်ဖိတ်ခံရပြန်လေသည်။ ချင်ကွေ့ကျစ်နှင့် ကျန်းယန်းဖန်တို့၏ ဒဏ်ရာများအား တစ်ချက်ကြည့်ပေးပြီးနောက် ပလာစတာအပုံလိုက်ချန်ရစ်ခဲ့ကာ ကပ်ထားလျှင် ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။ သို့သော် တစ်ခါတည်း ပလာစတာဆယ်ခုလောက် သုံးခဲ့သည့် ချင်ကွေ့ကျစ်က တစ်ညလုံး တအီအီညည်းတွားနေလေတော့သည်။

ကျန်းမိသားစုနှင့် ကျန်းရှိန်၏ မိသားစုတို့မှာ ကံဆိုးမိုးမှောင်ကျနေတယ်လို့ ခံစားရကောင်း ခံစားရနိုင်ပေမယ့် တခြားသူတွေကိုတော့ သူတို့ အကူအညီမတောင်းခဲ့ကြပေ။ သို့သော် ဖြစ်ရပ်တစ်ခု ပျံ့နှံ့ဖို့က ရက်အနည်းငယ်သာ လိုအပ်သည်ပင်။ အဓိကအကြောင်းအရင်းမှာ ဤလူများက ခိုက်ရန်ဖြစ်ပွားခဲ့သည်ကြောင့်ဖြစ်သည်။ ဆူညံသံများက ကျယ်လောင်လွန်းပြီး ဘေးအိမ်ကလူတွေတောင် ကြားနိုင်သည်လေ။ ထိုကိစ္စကြောင့် ချင်ကွေ့ကျစ်ရဲ့ နှလုံးသားမှာ စိုးရိမ်ပူပန်မှုတွေနှင့် မွန်းကြပ်နေပြီး ကျန်းရှိန်၏ အိမ်သို့ နောက်တစ်ကြိမ် ဦးတည်ခဲ့လိုက်သည်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now