Chapter - 34.1 (ပိုက်ဆံရှာဖို့ အခွင့်အလမ်း/ပိုက္ဆံရွာဖို႔ အခြင့္အလမ္း)

854 139 4
                                    

#unicode

"စိတ်ဆိုးနေတုန်းလား"
ရှီယန့်ချင်းသည် လက်တစ်ဖက်တွင် အနီရောင်သစ်သီးပန်းကန်အား ကိုင်ထားပြီး နောက်လက်တစ်ဖက်ကတော့ သူ့အား ကျောခိုင်းထားပြီး လှည့်ကြည့်ဖို့ ငြင်းဆန်နေပါသည့် လော့ဖေးအား တို့ထိလိုက်သည်။ ဒီကလေးပေါက်လေးက စိတ်တအားကြီးလွန်းသည်။ သူသာဒေါသထွက်သွားပါက သူ့အား တကယ်ကြီး တနေကုန် စကားပြောတော့မည်မဟုတ်ပေ။

"ကိုယ် မင်းကို တောင်းပန်လို့ရသေးလား။ မင်းပိုးကောင်တွေကို အဲ့လောက်ကြီးကြောက်လိမ့်မည်လို့ ကိုယ်တကယ်မထင်မိတာပါကွာ။"
ရှီယန့်ချင်းမှာ ကူကယ်ရာမဲ့နေလေပြီ။ သူ မနက်စောစော တောင်ပေါ်တက်သွားတုန်းက သူပြန်လာရင် လော့ဖေး စိတ်ပြေနေလောက်ပြီလို့ ထင်ခဲ့တာ။ မမျှော်လင့်ဘဲ ဒီငတိလေးက တအားခေါင်းမာနေတုန်းပဲ။ သူ့အတွက် အဝတ်တွေတော့လျှော်ထားပေးပေမယ့် ညစာတော့မချက်ထားဘူး။

"မင်းကိုယ့်ကို ထပ်ပြီး လျစ်လျူရှုနေမယ်ဆို ကိုယ် ဒါတွေအားလုံးကို ကိုယ့်ဘာသာပဲ စားလိုက်တော့မှာနော်။"
ရှီယန့်ချင်းသည် ပန်းကန်အား လော့ဖေးဆီ ယူလာပြီးပြလိုက်လေသည်။
"ဒါတွေက nightshadeတွေထက်တောင် အရသာပိုရှိသေးတယ်။"

လော့ဖေးတစ်ယောက် ချက်ချင်းပင် နားစွင့်လိုက်မိသည်။

nightshadeထက်တောင် အရသာပိုရှိတယ်?

ဟုတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ? အဲ့တာတွေကို ကျားကြီးခူးထားတာလေ။ အလကားစားရတဲ့ နေ့လည်စာလိုဟာမျိုးတွေ ရှိမယ်လို့တော့ မထင်ဘူး! မင်းနည်းနည်းလောက် ခေါင်းမာနေတာပိုကောင်းလိမ့်မယ်!

ဒါပေမယ့် ကျားကြီးက သူ အရသာရှိတာတွေ စားရချိန်မှာ မင်းကို သတိတရရှိတယ်လေ။ မင်းကို ဒီလောက် ကောင်းကောင်းဆက်ဆံတာပဲကို.......

မှန်တော့မှန်ပေမယ့်........

လော့ဖေးသည် ပန်းကန်ထဲသို့ တိတ်တိတ်လေး ခေါင်းလှည့်ကြည့်လာပြီး ချက်ချင်းပင် သူ့သွားများကြားမှ သားရည်ယိုကျလာတော့သည်။ အထဲတွင် သူတခါမှ မမြင်ဖူးသည့် သစ်သီးများရှိနေပြီး နီရဲကာ အသားအပြည့်ပင်။ တစ်ခုချင်းစီက အကြမ်းဖျင်းအားဖြင့် ဂေါ်လီလုံးအရွယ်မျှရှိသည်။ အရည်ရွှမ်းလှပြီး အတော်လေး ချိုမည့်ပုံပင်။

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now