မိတ်ဆက်စာ 👨‍🏫

22.7K 496 1
                                    

ခွန်းမာနမောင် 🖤

ငယ်ဘဝ၏ မမျှတသော နာကျင်ခြင်းတွေနဲ့ ဘဝကို ကြိုးစားဖြတ်သန်းနေသော လူငယ်တစ်ယောက်....

စာသင်ရတာကို အလွန်နှစ်သက်ပါသော အဖြူအစိမ်းဝတ် ကျောင်းဆရာတစ်ယောက် ဖြစ်ကာ ဂုဏ်သိက္ခာကို အင်မတန်မှ အထိမခံနိုင်ပါသော လူသား ။

ဖြစ်တည်မှု တစ်စိတ်တစ်ဒေသတောင် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်အခြေအနေမှာ သူ့မှာ ပိုင်ဆိုင်ခဲ့တာက မာနတရားတွေ.....

အဲ့ဒီ မာနတွေကိုမှ ချစ်တာပါ ဆိုသည့် သွားတက်ဖွေးဖွေးလေးတွေက သူ့ရဲ့ ဘဝကိုပြောင်းလဲ စေခဲ့သည်။

သူက......

တိမ်တိုက်ကြိုး 💛

မွေးရာပါ ရောဂါတစ်ခုကြောင့် အားနည်းနေတတ်သော ကောင်လေး....

သွားတက်လေးနဲ့အပြုံးချိူချိူလေးတွေ ကြောင့် အားလုံး၏ အချစ်တော်ဖြစ်နေသူ...

မည်သူမှ နားလည်မပေးနိုင်ခဲ့သည့် ချစ်ခြင်းတစ်ခုအား နွေးထွေးနာကျင်စွာ ပွေ့ဖက်ပေးခဲ့သူ....

'' မောင်ပေးတာဆို ....
နာကျင်မှုဆိုတာကလည်း အချစ်ပါ.... ''

ဆိုတဲ့ အချစ်မျက်ကန်းလေး။

အဆုံးသတ်မှာ သူ...ကံကောင်းနိုင်ပါ့မလား.....

ရှန်မင်းခက် 🤍

YUOE ရဲ့ ခပ်ချောချော ကျောင်းဆရာလောင်းလေး...

တိမ်တိုက်ဆိုတဲ့ အရာကို သူ့ရပ်ဝန်းမှာသာ အရိပ်တကြည့်ကြည့်ထားခဲ့သူ...

ချစ်ရသူပျော်ရင် ကျန်တာအကုန်လုံး အဆင်ပြေပါတယ်ဆိုတဲ့ သူ့ရဲ့ ခံယူချက်။

သို့သော် ကျားရော မရော မရှောင် ပလေး လွန်းတဲ့ လူရှုပ်လူပွေလေး ။ ရည်းစားက သူ့အသက်ထက်များပါသတဲ့။

တစ်နေ့မှာ တိမ်တိုက်မဟုတ်တဲ့ သူ့အတွက် သီးသန့်ရပ်ဝန်းကိုရော ရှာတွေ့နိုင်ပါ့မလား....??

မည်သို့ မည်ပုံပဲ ဖြစ်ဖြစ် ဆက်ချစ်သွားမည်ဆိုသည့် အချစ်သူရဲကောင်းလေးတွေရဲ့ ဇာတ်လမ်းလေးအား စာရေးသူက
'' Notwithstanding ( မည်သို့ပင်ဖြစ်စေ) ''
ဟု ခေါင်းစဥ်တပ်ပေးခဲ့သည်။



( Zawgyi)

ခြန္းမာနေမာင္ 🖤

ငယ္ဘဝ၏ မမွ်တေသာ နာက်င္ျခင္းေတြနဲ႕ ဘဝကို ႀကိဳးစားျဖတ္သန္းေနေသာ လူငယ္တစ္ေယာက္....

စာသင္ရတာကို အလြန္ႏွစ္သက္ပါေသာ အျဖဴအစိမ္းဝတ္ ေက်ာင္းဆရာတစ္ေယာက္ ျဖစ္ကာ ဂုဏ္သိကၡာကို အင္မတန္မွ အထိမခံနိုင္ပါေသာ လူသား ။

ျဖစ္တည္မႈ တစ္စိတ္တစ္ေဒသေတာင္ လက္ဆုပ္လက္ကိုင္မျပနိုင္သည့္အေျခအေနမွာ သူ႕မွာ ပိုင္ဆိုင္ခဲ့တာက မာနတရားေတြ.....

အဲ့ဒီ မာနေတြကိုမွ ခ်စ္တာပါ ဆိုသည့္ သြားတက္ေဖြးေဖြးေလးေတြက သူ႕ရဲ႕ ဘဝကိုေျပာင္းလဲ ေစခဲ့သည္။

သူက......

တိမ္တိုက္ႀကိဳး 💛

ေမြးရာပါ ေရာဂါတစ္ခုေၾကာင့္ အားနည္းေနတတ္ေသာ ေကာင္ေလး....

သြားတက္ေလးနဲ႕အၿပဳံးခ်ိဴခ်ိဴေလးေတြ ေၾကာင့္ အားလုံး၏ အခ်စ္ေတာ္ျဖစ္ေနသူ...

မည္သူမွ နားလည္မေပးနိုင္ခဲ့သည့္ ခ်စ္ျခင္းတစ္ခုအား ႏြေးေထြးနာက်င္စြာ ေပြ႕ဖက္ေပးခဲ့သူ....

'' ေမာင္ေပးတာဆို ....
နာက်င္မႈဆိုတာကလည္း အခ်စ္ပါ.... ''

ဆိုတဲ့ အခ်စ္မ်က္ကန္းေလး။

အဆုံးသတ္မွာ သူ...ကံေကာင္းနိုင္ပါ့မလား.....

ရွန္မင္းခက္ 🤍

YUOE ရဲ႕ ခပ္ေခ်ာေခ်ာ ေက်ာင္းဆရာေလာင္းေလး...

တိမ္တိုက္ဆိုတဲ့ အရာကို သူ႕ရပ္ဝန္းမွာသာ အရိပ္တၾကည့္ၾကည့္ထားခဲ့သူ...

ခ်စ္ရသူေပ်ာ္ရင္ က်န္တာအကုန္လုံး အဆင္ေျပပါတယ္ဆိုတဲ့ သူ႕ရဲ႕ ခံယူခ်က္။

သို႔ေသာ္ က်ားေရာ မေရာ မေရွာင္ ပေလး လြန္းတဲ့ လူရႈပ္လူေပြေလး ။ ရည္းစားက သူ႕အသက္ထက္မ်ားပါသတဲ့။

တစ္ေန႕မွာ တိမ္တိုက္မဟုတ္တဲ့ သူ႕အတြက္ သီးသန့္ရပ္ဝန္းကိုေရာ ရွာေတြ႕နိုင္ပါ့မလား....??

မည္သို႔ မည္ပုံပဲ ျဖစ္ျဖစ္ ဆက္ခ်စ္သြားမည္ဆိုသည့္ အခ်စ္သူရဲေကာင္းေလးေတြရဲ႕ ဇာတ္လမ္းေလးအား စာေရးသူက
'' Notwithstanding ( မည္သို႔ပင္ျဖစ္ေစ) ''
ဟု ေခါင္းစဥ္တပ္ေပးခဲ့သည္။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now