Description

3.8K 128 5
                                    

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ

ဖော်ပြချက်

သူမက ဂုဏ်ယူစွာဖြင့် အငြိမ်းစားယူခဲ့သော အထူးရဲအရာရှိတစ်ဦးဖြစ်ပြီး အမှုများကို နတ်ဘုရားကဲ့သို့ ဖြေရှင်းနိုင်သည့် ချောမောသော ရဲစုံထောက်တစ်ဦးဖြစ်သည်။

တစ်နေ့တွင် ထူးထူးခြားခြား အသွင်သဏ္ဍာန်နှင့် ထောင့်ရှစ်ထောင့်ပါသော ရွှေရောင်အပြားလေးတစ်ခုက သူမကို အခြားကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ပိုရယ်စရာကောင်းတာက သူမ နိုးလာတဲ့အချိန်မှာ သူမက "လက်ဆောင်ပဏ္ဍာ"တစ်ခု ဖြစ်လာပြီး လေးစားကြည်ညိုခံရသော စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတစ်ယောက်၏ အိမ်တော်သို့ အပို့ခံရလိုက်ခြင်းဖြစ်သည်။

သူက တိုင်းပြည်ခြောက်ခုကို ထိတ်လန့်တုန်လှုပ်စေနိုင်သော ရေခဲတုံးစစ်နတ်ဘုရားဖြစ်ပြီး၊ သူက တိုင်းပြည်ကို စစ်အာဏာဖြင့် ချုပ်ကိုင်ထားနိုင်သော ဗိုလ်ချုပ်ကြီးဖြစ်သည်။ တော်ဝင်အမိန့်တော်က သူ့ဆီကို ပျော့ညံ့တဲ့ ကိုယ်လုပ်တော်တစ်ယောက် ယူဆောင်လာခဲ့ပြီး သူက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ကျောခိုင်းထွက်ခွာလာခဲ့သည်။ သူ ပြန်ရောက်လာချိန်မှာတော့ သူ့ရဲ့ဒုတပ်မှူးနဲ့ ရှေ့တန်းစစ်သည်တွေ အားလုံးက သူ့ကို မျက်ကွယ်ပြုကာ "သခင်မက ဘယ်လိုထင်လဲ" ဟုသာ ပြောနေကြ‌တော့သည်။

ဗိုလ်ချုပ်အိမ်တော်ရဲ့ သခင်က ဘယ်အချိန်က ပြောင်းသွားတာလဲ?

အမှုအခင်းဖြေရှင်းခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ ညအချိန်ဝင်ရောက်စီးနင်းခြင်း၊ ဓားပြများနှိမ်နင်းခြင်း၊ လမ်းပေါ်တိုက်ပွဲများ၊ အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် ရေတပ်တိုက်ပွဲများ... စသည်ဖြင့်...

အလှည့်အပြောင်းများစွာရဲ့နောက်ပိုင်းမှာ....

စစ်ပွဲမီးတောက်တွေ တဖန်ပြန်တက်လာပြီး အနက်ရောင်မျက်လုံးနှစ်စုံရဲ့ပိုင်ရှင်တွေက အဝေးကနေ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now