Chapter 4.7

583 79 3
                                    

အခန်း ၄ လက်နက်ချခြင်း (အပိုင်း ၇)

လေ့ကျင့်ရေး ခုနှစ်ရက်မြောက်တွင်...

စိမ်းလန်းစိုပြေသော တောအုပ်ကြီးထဲမှ သစ်ရွက်များက နေ့ခင်းဘက် နေရောင်ခြည်ကို ပိတ်ဆို့ပေးထားခဲ့သလို ညဘက်မှာလည်း သန်စွမ်းသော အကိုင်းအခက်ကြီးများနှင့် သစ်ရွက်ထူထူကြီးများက နူးညံ့သိမ်မွေ့သော လရောင်ကို ပိတ်ဆို့ပေးထားနိုင်ခဲ့သည်။ ဒီညရဲ့ ကောင်းကင်မှာ လပြည့်ဝန်းကြီး ရှိနေပေမယ့် တောအုပ်ထဲမှာတော့ လရောင်က သစ်ရွက်တွေကြားမှ ကွက်လပ်လေးတွေကနေတဆင့်သာ လင်းလက်နိုင်ပြီး မရေမတွက်နိုင်တဲ့ အရိပ်အယောင်တွေကိုသာ မြေပြင်ပေါ်မှာ ဖြန့်ကျက်ထားနိုင်ခဲ့သည်။

တောအုပ်ကြီးထဲမှာ အနက်ရောင်ရှိနေသော ကျယ်ပြန့်သောအရိပ်များ၊ မြင့်မားသော အရိပ်များ၊ ထူထဲသောအရိပ်များ အမျိုးစုံကွဲထွက်နေပြီး ထိုအရိပ်များက နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာကြောင့် အနည်းငယ် ထူးဆန်းပုံပေါက်နေသည်။ သစ်ရွက်တွေကို ဖြတ်တိုက်နေတဲ့ လေတိုက်သံတွေအပြင် လျှင်မြန်ပြီး ကြမ်းတမ်းတဲ့ အသက်ရှုသံတွေလည်း ထွက်ပေါ်နေခဲ့သည်။

"တစ်ရာ့ရှစ်ဆယ်... နှစ်ဆယ်ကျန်သေးတယ်၊ ဆက် ထိန်းထား!" အေးမြကြင်လင်သော အမျိုးသမီးအသံမာမာတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအသံက မှောင်မိုက်နေသော တောအုပ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ထိုသို့သော ည၏အမှောင်အောက်တွင် ကုယွင်၏မျက်လုံးများက ကျယ်လောင်စွာ ပွင့်နေပြီး သူမ ခုနစ်ရက်ကြာ ဦးဆောင်လေ့ကျင့်ပေးခဲ့သော စစ်သည်တစ်စုကို ဒိုက်ထိုးနေသည်ကို လျှို့ဝှက်စွာ ကြည့်နေခဲ့သည်။ လူငါးရာတို့က အတူတကွ ဒိုက်ထိုးနေကြပြီး နောက်မှလူများက အမှောင်ထဲသို့ လုံးဝထိုးကျလုနီးပါးဖြစ်နေပြီပင်။ သူမ၏ ညဘက်အမြင်အာရုံက ထူးခြားနေသော်လည်း သူတို့လုပ်သမျှ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် အရာရာတိုင်းကို သတိနှင့်မြဲမြံစွာ ဂရုပြုနိုင်ရန်မှာလည်း အရေးကြီးလွန်းလှပေသည်။

စစ်သည်များက တစ်ချက်ပြီးတစ်ချက် ကြိုးစားနေကြပြီးနောက် အခါနှစ်ရာ ပြီးမြောက်သွားခဲ့ကြသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now