Chapter 6.4

553 73 0
                                    

အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၄)

စစ်သူကြီးအိမ်တော်၏စာဖတ်ခန်းတွင်...

မနက်စောစောတွင် စုရန်က သူတို့နှစ်ယောက်ကို စာဖတ်ခန်းသို့လာရန် လူလွှတ်ပြီး ဖိတ်ခေါ်ခဲ့တာကြောင့် ကုယွင်ရော စုယွိရော လေ့ကျင့်ရေးကွင်းကို မသွားဘဲ ထိုနေရာတွင် ရှိနေကြသည်။

မနက်ခင်းသာရှိသေးသော်လည်း အိမ်အပြင်ဘက်မှ နေရောင်က မီးကဲ့သို့ တောက်ပနေပြီး အိမ်အတွင်းပိုင်းတွင် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် အုံမှိုင်းနေသည်။ ကုယွင်နှင့်စုယွိတို့က တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေကြသော်လည်း ယခင်ကဲ့သို့ ယမ်းနံ့များရှိနေပုံပေ။ သူတို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်အတွေးများ ကိုယ်စီကိုယ်ငှရှိနေပုံရပြီး ရန်ဖြစ်ရန်ပင် စိတ်မဝင်စားကြပုံမပေါ်ပေ။ ကုယွင်က ကုလားထိုင်ကို မှီနေရင်း ညဘက်စီးနင်းခြင်းပြိုင်ပွဲနောက်တွင် ဆက်လက်ဆောင်ရွက်ရမည့်အရာများကို တွေးတောနေခဲ့သည်။ သူမက ချင်း ဝန်ကြီးချုပ်အိမ်မှာ ရှိနေကြောင်း အခြေခံအားဖြင့် သေချာနေပြီဖြစ်သည်။ ထိူ့ကြောင့် သူမ ချင်းနှင့် တွေ့ဆုံရန် စီစဥ်နိုင်မှသာ ချင်း၏လက်ရှိအခြေအနေကို ရှာဖွေသိရှိနိုင်ပြီး နောက်တဆင့်ကို ကြံစည်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

တစ်ဖက်မှာတော့ စုယွိတွေးတောနေတာက အလောင်းအစားကိစ္စပါ၊ ဒီရက်ပိုင်းမှာ သူမက အရမ်းကြိုးစားပြီး လုံ့လဝီရိယအပြည့်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးနေတယ်လို့ သတင်းများထွက်ပေါ်နေတာကြောင့် သူ သူမကို ရှုံးသွားခဲ့ရင် အရမ်းရှက်ကွဲမှာ မဟုတ်ဘူးလား?? ယောက်ျားတစ်ယောက်အနေနဲ့ သူမှာ ရန်လိုစိတ်ရှိနေတာတော့ မဟုတ်ပါဘူး၊ အနာဂတ်မှာ သူမက မမောက်မာသရွေ့တော့ သူက သူမအတွက် အခက်အခဲတွေ ဖြစ်လာအောင် လုပ်မှာ မဟုတ်ပါဘူး။ သူက သူမရဲ့မာနတွေကိုပဲ ရပ်တန့်စေချင်တာပါ၊ သူမကို အရှက်ခွဲမှာ မဟုတ်ပါဘူး။

သို့တိုင် လူတိုင်းသိသည့်အတိုင်း ကုယွင်က သူမ ရှုံးမည်ဟု လုံးဝ မတွေးခဲ့ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now