Chapter 12 (4,5)

471 62 3
                                    

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၄)

စုလင်း၏ဓားသဏ္ဍန်မျက်ခုံးများက အနည်းငယ် ကြုံသွားပြီး ထိုအပြာရောင်တောက်တောက်နှင့် လူက ဆက်ဆံရန် မလွယ်ကြောင်း နားလည်လိုက်သည်။ ဤအတောအတွင်း မည်သည့်စကားမှ မပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေသော မီးခိုးရောင်ဝတ်အမျိုးသားက ပို၍ပင် ဆက်ဆံရ ခက်ခဲဖွယ်ရှိသည်။ ဟန်ရှုကို ကျောက်တုံးပေါ်မှာ ကြိုးနဲ့ချည်ထားတာကြောင့် စစ်သည်တွေ ဖြတ်သွားနိုင်ရင်တောင် အသုံးမဝင်တော့ပါဘူး။ အဲ့တာက သူပုန်တွေကို ဒေါသဖြစ်သွားနိုင်စေသလို သူ့ကို မကယ်တင်နိုင်ရုံသာမကဘဲ သူ့အသက်ကို အသေခံခိုင်းသလို ဖြစ်သွားစေနိုင်သည်။

စုလင်းက တိတ်ဆိတ်နေသော်လည်း ရန်ကော်၏ နက်မှောင်သောမျက်လုံးများက ကမ်းပါးတစ်လျှောက် အပြန်ပြန်အလှန်လှန် လိုက်ကြည့်နေကြသည်။ သို့သော် သူ ရှာနေသောသူကို မတွေ့ရတာကြောင့် ရန်ကော်၏မျက်လုံးများတွင် မကျေမနပ် အရိပ်အယောင်များ ပေါ်လာပြီး "စုလင်း၊ မင်းရဲ့မိန်းမငယ်လေး ဘယ်မှာလဲ? မင်း ဘာလို့ သူ့(မ)ကို ခေါ်မလာတာလဲ? ငါ သူ(မ)ကို ပြန်တွေ့ချင်တာ အရမ်းကြာနေပြီ"

စုလင်း၏လင်းယုန်မျက်လုံးများက အေးစက်သွားသော်လည်း သူ ပြန်မဖြေရသေးမီတွင် အမျိုးသမီးတစ်ဦး၏ လှောင်ပြောင်ရယ်မောသံနှင့် စကားသံကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ "နင်က ငါ့ကို အရမ်းလွမ်းနေတာလား?"

လူတိုင်းက အသံလာရာ သစ်ပင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြပြီး သွယ်လျသောလက်တစ်ဖက်က ထူထပ်သော သစ်ကိုင်းများနှင့် အရွက်များကို ဖြည်းညှင်းစွာ တွန်းဖယ်နေသည်ကို မြင်နေရကာ သွယ်လျသော ခြေထောက်လေးတစ်စုံက လေထဲတွင် လှုပ်ယမ်းနေသည်ကို တွေ့လိုက်ရသည်။ စုလင်းက သူ့ကိုယ်သူ တိတ်တဆိတ် စိတ်ဆိုးသွားသည်။ မျော်လင့်မထားဘဲ ဒီမိန်းခလေးက သစ်ပင်ပေါ်မှာ ပုန်းနေခဲ့တယ်၊ သူ ဘာလို့ သူမ ရှိနေတာကို သတိမထားမိလိုက်တာလဲ??

အနက်ရောင်အရိပ်က သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ချောက်အစွန်းမှာ ရပ်နေသည်။ ကုယွင်က မျက်နှာချင်းဆိုင်ကမ်းပါးမှ မောက်မာသောအမူအရာဖြင့် ရပ်နေသော ရန်ကော်ကို ကြည့်ကာ ပြုံးနေရင်း လှောင်ပြောင်လိုက်သည်။ "ပြီးခဲ့တဲ့ အခေါက်က နင်ရဲ့ရှုံးနိမ့်မှုက အရမ်း မဆိုးဘူးလို့ နင် ထင်နေသေးတာလား?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now