Intro- 2

851 66 0
                                    

နိဒါန်း -(အပိုင်း ၂)

တအုန်းအုန်းမြည်နေသော မိုးခြိမ်းသံ၊ တဖွဲဖွဲကျနေသောမိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ပျက်ဆီးနေသော ပြတင်းပေါက်များက ဘယ်၊ ညာ ယိမ်းယိုင်နေကာ အက်ကွဲသံများ ထွက်ပေါ်လာသည် ။ ပြိုကျပျက်စီးနေသော ဘုရားကျောင်းငယ်လေး၏ ဘေးဘက်အခန်းတွင် အနီရောင်တောက်တောက် ရှေးခတ်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးငယ် သုံးဦးရှိနေသည်။ ဤမှောင်မိုက်ပြီး အုံ့မှိုင်းသောအခြေအနေက ဘုရားကျောင်းကို လွှမ်းခြုံထားသည့်လေထုကို အထူးအဆန်းဖြစ်စေပုံရသည်။

  အခန်းထဲတွင် မီးရောင်မရှိသဖြင့် ရံဖန်ရံခါ ပေါ်လာသော လျှပ်စီးရောင်ကြောင့် ပျက်စီးနေသော ဘုရားကျောင်းခေါင်မိုးအစွန်းကို လင်းထိန်သွားစေသည်။ ဓားနှင့်တူသော လျှပ်စီးကြောင်းများက မြေပြင်သို့ တည့်တည့်ရိုက်ခတ်သွားပုံရသည်။ ပြိုးပြိုးပြက်ပြက် လက်နေသော အဖြူရောင်အလင်းရောင်နှင့်အတူ စူးရှသော မိုးခြိမ်းသံတို့က အငယ်ဆုံးဟု ထင်ရသော အမျိုးသမီးလေးကို ထိတ်လန့်သွားစေသည်။

  ချင်းမော့က အစ်မအကြီးဆုံးရဲ့လက်ကို တင်းနေအောင် ဆွဲထားရင်း ငိုနေကာ "အကြီးဆုံးအစ်မ၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။ ကျွန်မ အရမ်းကြောက်တယ်!"

  လျှပ်တစ်ပြက် လျှပ်စီးလက်လာတာကြောင့် နောက်ဆုံးမှာတော့ အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။ သူမတို့ သုံးယောက်လုံးရဲ့ အလှတရားက ပြေပြစ်လွန်းနေသည်။ သူမတို့ရဲ့ လှပလွန်းတဲ့ ဘယ်ဘက်ပါးတွေက အမျိုးသမီးတိုင်းကို မနာလို စေနိုင်သလို အမျိုးသားတွေ ကလည်း သူမတို့ကို သဘောကျစေနိုင်သည်။ သို့သော်လည်း ကံမကောင်းစွာနဲ့ သူမတို့ရဲ့ ညာဖက်ပါးပြင်မှာ ဓါးနက်နက်ဒဏ်ရာနှစ်ချက်စီ ရှိနေပြီး ညာဖက်ပါးပြင်တစ်ခုလုံးက ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ခုလိုမိုးကြိုးထန်တဲ့ ညအဖို့တော့ ထူးဆန်းလွန်းလှတော့သည်။

  ညီမငယ်၏ပခုံးကို ပွတ်သပ်ပေးရင်း ချင်းလင်၏မျက်နှာက ဖြူဖျော့သွားကာ "ဒီတောင်ကို ဖြတ်ကျော်ပြီးရင် ‌ဟောင်ယွဲ့ပြည်ထောင်ကနေ ထွက်သွားရတော့မယ်၊ ဒီလက်ဆောင်ပဏ္ဍာဆိုတဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့ ငါတို့အတွက် နည်းလမ်းမရှိတော့ဘူးလား"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now