Chapter 9.6/9.7

500 65 5
                                    

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၆)

"ကျွန်တော်မျိုး ဒီကို ရောက်လာပါပြီ" အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက သူတို့ ရှေ့ကို ရောက်လာပြီး ကောကျင့်ယွင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ထိုနောက် သူ့၏မျက်နှာက ရုတ်တရက် မည်းမှောင်လာပြီး "တဲထဲကို မြန်မြန်သွင်းဖို့ ကူညီပေးပါ" ဟု အလောတကြီး ပြောလိုက်သည်။

ကောကျင့်ယွင်ကို တဲအတွင်းသို့ ပို့လိုက်ပြီး နောက်ဆုံးတွင် ကုယွင်က သက်သာရာရသွားသည်။ ထို့နောက် သူမ ဘယ်ဘက်လက်မှ ပူလောင်နေသော နာကျင်မှုကို ခံစားလိုက်ရပြီး သူမဘယ်ဘက်လက်မောင်းကို ညင်သာစွာ ထိကြည့်လိုက်ရာ သူမကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သူမက ပွန်းပဲ့သွားမှာကို သိနေခဲ့ပေမယ့် သွေးထွက်နေမယ်လို့တော့ မမျှော်လင့်ထားပါဘူး။

စုရန်က သူမဘယ်ဘက်လက်မောင်းတွင် သွေးစွန်းနေသည်ကို သတိထားမိသွားပြီး "မရီး ဒဏ်ရာရနေတာလား"

ကုယွင်က ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်မ ဒဏ်ရာက မပြင်းထန်ပါဘူး၊ ကျွန်မတို့ အထဲဝင်ပြီး စကားပြောကြရအောင်"

သူမ ပင်မတဲစခန်းထဲ ဝင်သွားချိန်တွင် ဆေးသေတ္တာကို ကိုင်ထားသော စစ်တပ်သမားတော်တစ်ယောက်က ကုယွင်ဆီကို လျှောက်လာခဲ့သည်။ ကုယွင်က သူမ၏ဘယ်လက်မောင်းကို မဆိုင်းမတွ ဆန့်တန်းလိုက်ပြီး စစ်တပ်သမားတော်က သူမ၏အင်္ကျီလက်စကို ကတ်ကြေးဖြင့် အသာအယာ ဖြတ်တောက်လိုက်သည်။ နီရဲရောင်ရမ်းနေသော ဒဏ်ရာက အရွယ်ရောက်ပြီးသော အမျိုးသားများကို မျက်မှောင်ကြုတ်သွားသော်လည်း အမျိုးသမီးတစ်ယောက်၏လက်မောင်းကို စိုက်ကြည့်ခြင်းမှာ ယုတ္တိမတန်သောကြောင့် စုရန်နှင့်လို့မူဟိုင်က လှည့်ထွက်သွားပြီး လက်ထောက်ယုက အနောက်ဘက်သို့ ကမန်းကတန်း ပြန်လှည့်လိုက်သည်။

ဒီလိုဒဏ်ရာမျိုးက မပြင်းထန်ပေမယ့် အရမ်းနာကျင်ပါတယ်။ စစ်တပ်သမားတော်ဟောင်းက ဆေးကို သူ့လက်ထဲမှာ ကိုင်ထားပြီး "သခင်မ၊ အခု ဆေးထည့်ပြီး ပတ်တီးစည်းထားဖို့ လိုတယ်၊ ခနတော့ သည်းခံပေးပါ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now