Chapter 12 (12,13)

438 58 0
                                    

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၂)

"စစ်သူကြီး!"

စစ်သူကြီးက တစ်မျိုးဖြစ်နေတာကို သူ ဘာလို့ သတိမထားမိတာလဲ?! သေစမ်း!!!

"သမားတော်!"

"ကျွန်တော်မျိုး ရောက်လာပါပြီ" လိုက်ပါလာတဲ့ စစ်တပ်သမားတော်က ရှေ့ကို အမြန်ရောက်ပြီး သူ ရောက်နေကြောင်း သတင်းပို့လာသည်။

ကုယွင်က သမားတော်ကို တစ်ချက်ကြည့်ကာ အလောတကြီး လှမ်းပြောလိုက်သည်။ "သူ့ကို မြန်မြန်ကြည့်ပေး"

"ဟုတ်ကဲ့" စစ်တပ်သမားတော်က ကုယွင် စကားကို လုံးဝ လျစ်လျူမရှုဝံ့ဘဲ စုလင်း နောက်ကျောမှ ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ စစ်သူကြီး၏ဒဏ်ရာက အရမ်းပြင်းထန်လွန်းနေပြီး သူ့၏ညာဘက်ပခုံးကို မြှားတိုလေးတစ်ချောင်း နှစ်ဝင်နေသည်ကို တွေ့လိုက်ရတာကြောင့် "ဒါကို ဒီနေရာမှာ ကုသဖို့ လုံးဝ မဖြစ်နိုင်ပါဘူး၊ ကုသမှုခံယူဖို့ စခန်းကို အမြန်ဆုံးပြန်သွားရပါမယ်"

"လောလောဆယ် သွေးထွက်နေတာကို ရပ်အောင် အရင်လုပ်ပေး" သွေးတွေ ဒီအတိုင်းဆက်ထွက်နေမယ်ဆိုရင် စခန်းမရောက်ခင် သွေးထွက်လွန်ပြီး သူသေသွားလိမ့်မယ်။

စုလင်းက သတိလစ်နေပြီး အသက်ရူသံက လေးတွဲနေကာ ခေါင်းက ငိုက်စိုက်ကျနေသည်။ အချိန်အတော်ကြာအောင် အပ်စိုက်ကုထုံးဖြင့် အကြိမ်အနည်းငယ် ကုသပြီးနောက် သူ အနည်းငယ် သက်သာလာပုံရသည်။ သူက သူ့ပါးစပ်ကို ဖွင့်နိုင်တာနဲ့ အလောတကြီး မေးလာသည်။ "ဟန်ရှု ဘယ်လိုနေလဲ"

စစ်တပ်သမားတော်က သူ့ဒဏ်ရာကို ဂရုတစိုက် ကုသပေးနေရင်း ပြန်ဖြေလိုက်သည်။ "အရှင်... စိတ်မပူပါနဲ့၊ ဒုတပ်မှူးရဲ့ဒဏ်ရာတွေက ပြင်းထန်ပေမယ့် သူက သန်မာတာကြောင့်ရယ် ကံကောင်းတာကြောင့်ရယ် အန္တရာယ် မရှိတော့ပါဘူး"

"ကျွန်တော်မျိုး အပ်စိုက်မှတ်တွေကို ဖိနှိပ်ပြီး သွေးတိတ်အောင်လုပ်ထားပြီးပါပြီ၊ စခန်းကို အရင် ပြန်သွားရပါမယ်" စုလင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး မတ်တပ်ပြန်ရပ်နိုင်ရန် လက်ထောက်ယု၏ပုခုံးများကို အသုံးပြုခဲ့သည်။ သူက သူ့ဘေးနားမှ ကုယွင်ကို ကြည့်တောင်မကြည့်ပဲ လက်ထောက်ယု၏အကူအညီဖြင့် စခန်းသို့ ပြန်သွားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now