Chapter 1.1

919 85 2
                                    

အခန်း ၁ ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီသို့ ခရီးသွားခြင်း (အပိုင်း ၁)

ညမိုးချုပ်လာသည်နှင့် ဗိုလ်ချုပ်အိမ်တော်၏ဧည့်ခံခန်းမတွင် ဖယောင်းတိုင်မီးများ တောက်ပနေအောင် ထွန်းညှိထားသည်။ အခန်းကျယ်ကြီးထဲတွင် ရိုးရှင်းသော လက်ရာကြမ်းကြမ်း မဟော်ဂနီစားပွဲနှင့် ကုလားထိုင်များ၏ တစ်ဘက်စီတွင် လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေကာ တစ်ယောက်က အေးအေးဆေးဆေးဖြစ်နေပြီး နောက်တစ်ယောက်က ဂနာမငြိမ်ဖြစ်နေသည်။ လူငယ်လေးက အခန်းထဲတွင် စိတ်မရှည်စွာ အပြန်ပြန်အလှန်လှန် လမ်းလျောက်နေခဲ့ပြီး နောက်ဆုံးတွင် သူ့ဘေးနားမှ တောင်တန်းကြီးလို မလှုပ်မယှက်ထိုင်နေသော ပိန်ပိန်ပိန်ပါးပါး အမျိုးသားကို ကြည့်ကာ "ဒုတိယအစ်ကို၊ အဲဒီ့မိန်းမကို အစ်ကိုကြီးရဲ့ အခန်းထဲကို ပစ်ချလိုက်တာလား? အဲ့တာက အဆင်ပြေပါ့မလား? အား?"

အစ်ကိုအကြီးဆုံးက ဒီနေ့ ရှင်းကျန်မြောက်ပိုင်းက နယ်စပ်နေရာကို ကာကွယ်စောင့်‌ရှောက်နေရာကနေ ပြန်လာမည်ဖြစ်သည်။ သူ ပြန်လာတာနဲ့ သူ့ကုတင်ဘေးမှာ လဲလျောင်းနေတဲ့ မိန်းခလေးတစ်ယောက်ကို တွေ့ရင် ဒေါသတွေ အရမ်းထွက်လာပြီး ထိုမိန်းခလေးကို လည်ပင်းညှစ်သတ်တာ ဒါမှမဟုတ် ရိုက်သတ်လိုက်တာမျိုး ဖြစ်နိုင်မလား? ဒါပေမယ့် သူ အပြစ်တင်ချင်တင် ဧကရာဇ်ကို အပြစ်တင်လေ! မိန်းခလေးတစ်ယောက်ကို လက်ဆောင်ပေးတာက ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ဗိုလ်ချုပ်အိမ်တော်မှာ မိန်းမဆိုလို့ အိမ်အကူတစ်ယောက်တောင် မရှိဘူး။ အဲ့လို နေရာကို ဘာလို့ မိန်းခလေးတစ်ယောက်လာပို့တာလဲလို့ပဲ မေးချင်တော့တယ်။

စုရန်က ခေါင်းတောင် ထောင်မကြည့်ဘဲ သူ့လက်ထဲက ငွေရောင်လှံကို ညင်သာစွာ သုတ်နေရင်း ပြုံးလိုက်ပြီး "ဒါက ဧကရာဇ်မင်းမြတ်က အစ်ကိုအကြီးဆုံးကို ချီးမြှင့်ခဲ့တဲ့ မိန်းခလေးပဲ၊ သူ(မ)ကို အဲ့မှာ မထားခဲ့ဘူးဆိုရင်၊ မင်းအခန်းမှာ ထားရမှာလား?"

စုယွီက ထိုစကားကို ကြားသောအခါ ချက်ခြင်းပင် ရွံရှာစွာနဲ့ "မထားနဲ့၊ ကျွန်တော် မလိုချင်ဘူး!" ထိုကဲ့သို့ နူးညံသော မိန်းမများကို သူမုန်းတီးသည်။ သူကိုယ်တိုင်တောင်မှ ချမ်းသာပြီး ပညာတက်သော သမီးပျိုများထံမှ ရုန်းထွက်နေရခြင်းပင်၊ တွေးကြည့်ရုံနဲ့ အစားစားချင်စိတ်တောင် ပျက်တယ်!

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now