Chapter 5.4

570 81 7
                                    

အခန်း ၅ စုလင်း ပြန်လာပြီ (အပိုင်း ၄)

ကုယွင်၏ပြတ်သားသော စကားလုံးအသုံးအနှုန်းနှင့် တဲ့တိုးဆန်သော မေးခွန်းက စုလင်းကို ပိုလို့တောင် မပျော်မရွှင် ဖြစ်စေခဲ့သည်။ စုလင်းက သူဘာလုပ်ချင်လဲဆိုတာကို ဒီအမျိုးသမီးကို ရှင်းပြဖို့ မလိုအပ်ဘူးလို့ တွေးလိုက်တာကြောင့် ရင့်ရင့်သီးသီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်"

"ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူးလား" ကုယွင်က နောက်ဆုံးအနေနဲ့ မေးလိုက်သည်။

စုလင်း၏ အေးစက်သော အနက်ရောင်မျက်လုံးများက အဖြေကို ပြောနေသောကြောင့် ကုယွင်က မတ်တပ်ထရပ်လိုက်သည်။ သူမ တခုခုကို ထပ်ပြီး သရုပ်ဆောင်တော့မည်ဟု စုလင်းက ထင်လိုက်မိသော်လည်း သူမက "နားလည်ပါပြီ" ဟုသာ ပေါ့ပေါ့တန်တန် ပြန်ဖြေလာခဲ့သည်။

အခြေခံအားဖြင့်တော့ သူမက ဒီလိုလူနဲ့ နောက်တကြိမ် ငြင်းခုန်တော့မည် မဟုတ်ပေ။ ဆွေးနွေးမှု မအောင်မြင်ရင်တောင်မှ သူမက သူမ၏မူလအစီအစဉ်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် သူက သူမကို တစ်သက်လုံး ပိတ်လှောင်ထားရန် ဆန္ဒရှိနေပြီး သူမက ဘယ်တော့မှ ထိုသို့ အဖြစ်ခံမည် မဟုတ်ပေ။

ကုယွင်၏အမူအရာက အလွန်တည်ငြိမ်နေပြီး သူမမျက်လုံးများထဲမှ အထင်အမြင်သေးမှုနှင့် စိတ်ပိုင်းဖြတ်မှုနှစ်ခုစလုံးက စုလင်းအတွက် နားမလည်နိုင်သော ခံစားမှုကို ခံစားရစေခဲ့သည်။ သူမ ထရပ်လိုက်သည်နှင့်တပြိုင်နက် စုလင်းက လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ပြီး သူ့၏ အရပ်ရှည်သော ခန္ဓာကိုယ်ကြီးက ကုယွင်၏ ရှေ့တွင် တစ်ဖန် ပိတ်ဆို့နေခဲ့ပြန်သည်။

"ဖယ်ပေး..." ကုယွင်က ဒီတစ်ခါတော့ သူမဒေါသကို မထိန်းနိုင်တော့ပါဘူး။ သူမက သူ့ကို အော်ထုတ်လိုက်ရင်း သူမခါးပေါ်မှ ဓားမြှောင်ကိုပါ ဆွဲထုတ်လိုက်သည်။ ကုယွင်က စုလင်းကို နောက်ပြန်ဆုတ်ဖို့ တွန်းအားပေးချင်တာကြောင့် ဓားမြှောင်လက်ထဲရောက်လာလာချင်း သူ့ဆီ ဝှေ့ယမ်းလိုက်သည်။ စုလင်းက နောက်ကို အနည်းငယ် ယိမ်းပြီးမှ နောက်တစ်လှမ်း ပြန်ဆုတ်လိုက်သည်။ ကုယွင်က အဲ့ဒါကို အခွင့်အရေးကို ယူပြီး ထွက်သွားရန် ပြင်လိုက်ပေမယ့် စုလင်းက ရုတ်တရက် လျင်လျင်မြန်မြန်နဲ့ ရှေ့တိုးလာပြီး သူမကို ချုပ်နှောင်လိုက်သည်။ ကုယွင် လက်ထဲတွင် ဓားမြှောင်တစ်ချောင်းရှိနေသော်လည်း စုလင်းက နှစ်ပေါင်းများစွာ ကိုယ်ခံပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားသူဖြစ်နေခဲ့သည်။ အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက် ကုယွင်က သူမ စုလင်းနှင့် မယှဉ်နိုင်သည်ကို နားလည်သွားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now