Chapter 1.4

669 73 7
                                    

အခန်း ၁ ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီသို့ ခရီးသွားခြင်း (အပိုင်း ၄)

လဝက်ခန့်ကြာပြီးနောက်....

စစ်သူကြီးအိမ်တော် အနောက်ဘက် တောင်ပေါ်လေ့ကျင့်ရေးကွင်းမှာ....

မွန်းတည့်အချိန်ဖြစ်တာကြောင့် နွေဦး၏ နေရောင်ခြည်က အားကောင်းနေပြီဖြစ်ကာ လေ့ကျင့်ရေးကွင်း၏အလယ်တွင် ဘာအရိပ်မှ မရှိပေ၊ တပ်ဖွဲ့စည်းပုံကို သုံးနာရီကြာ လေ့ကျင့်ပြီးနောက် နောက်ဆုံးတွင် စစ်သားတစ်ထောင်က ခဏတာ အနားယူနိုင်ခဲ့သည်။ နေ့ခင်းဘက် စစ်ရေးလေ့ကျင့်မှုဖြစ်တော့ စစ်သားတွေက အနားယူဖို့ တောင်ပေါ်စခန်းကို မပြန်ဘဲ သစ်ပင်ရိပ်အောက်မှာ အုပ်စုဖွဲ့ပြီး အေးမြတဲ့လေကို ခံစားရင်း ရံဖန်ရံခါ ရယ်မောစနောက်ကာ တစ်ခါတရံ စကားစမြည်ပြောဆိုနေကြသည်။

"တကယ်လား?"

လူတိုင်းရဲ့မျက်နှာမှာ မယုံနိုင်သော အကြည့်များ ရှိနေသည်။ စစ်သည်ဟောင်းကြီးတစ်ယောက်က သူ့လက်တွေကို ဝှေ့ယမ်းပြီး လေးလေးနက်နက် ပြောလာသည်။ "ငါက ဘာလို့ မင်းတို့ကို လိမ်ရတာလဲ? မီးဖိုချောင်ထဲက ရှောင်ကျောက်က ငါ့ရဲ့ဇာတိကရွာသား... သူကိုယ်တိုင် ငါ့ကို ပြောပြတာ၊ တစ်နပ်တည်းမှာ အမဲသားသုံးကျင်(သုံးကစ်တီ)၊ ကြက်ဥဆယ်လုံး၊ ထမင်းတစ်ကျင်၊ သခွားသီးငါးလုံး စားတယ်တဲ့!" (ကျင်နဲ့ ကစ်တီက တရုတ်အလေးချိန်ယူနစ်တွေပါ၊ ၁ကစ်တီကို ၀.၅ကီလိုဂရမ်လောက်ရှိပါတယ်)

"မယုံဘူး!" သန်မာတဲ့ စစ်သားတစ်ယောက်က သူ့ရဲ့ ကြံ့ခိုင်တဲ့ ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ငါက အရမ်းသန်မာတယ်၊ ငါက တစ်နပ်ကို အဲ့လောက်စားနိုင်တယ်။ ဒါပေမယ့် မိန်းမတွေက ဘယ်လိုလုပ် အဲ့လောက် အများကြီး စားနိုင်မှာလဲ!"

စစ်သည်‌ဟောင်းကြီးက လူငယ်လေး၏ ထူထဲသောပုခုံးကို ပုတ်ကာ သူ့၏သန်မာသောပုံစံကို ဘေးတိုက်ကြည့်ရင်း ပြုံးလိုက်ကာ "ဒါကို မင်း နားမလည်ပါဘူး။ အဲဒီအမျိုးသမီးက ပေါင် ကျင်၂၀၀‌ လောက် အလေးချိန်ရှိတဲ့ မိန်းမဝဝကြီးလဲ ဖြစ်နိုင်တယ်။ နောက်ပြီး သူ(မ)စားတဲ့အကြောင်းပြောတာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ သိချင်ရင် မီးဖိုချောင်ကိုသွားပြီး ဟိုဟိုဒီဒီလျှောက်မေးလိုက်၊ အားလုံး သိသွားလိမ့်မယ်!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now