Chapter 15.3/15.4

492 45 1
                                    

အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၃)

မုစန်း၏ စကားကို ကြားတော့ ယွိလူကြီးမင်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်။ "အကြီးအကဲ၊ မင်းက နောက်နေတာပဲ၊ မယ်တော်မိဖုရားကြီးက အဲ့လို့ မဆိုလိုပါဘူး၊ တကယ်တော့ အပြင်လူတွေက ခေါင်းဆောင်ရဲ့ နာမည်ကိုပဲ ကြားဖူးနေတာပဲ။ လူကို ဘယ်သူမှ မတွေ့ဖူးဘူး၊ အကြီးအကဲနေရာမှာ ဟန်ဆောင်ဖို့ သင့်တော်တဲ့သူကို ရှာတွေ့နိုင်သရွေ့ လို့ရှီးယန်ကို အနိုင်ယူဖို့ လုံလောက်ပါပြီ"

တကယ်တမ်းတော့ မုစန်းက ဘက်ပြောင်းသွားမှာကို မယ်တော်မိဖုရားကြီးက ကြောက်နေတာပါ၊ ရယ်စရာကောင်းတာက တကယ်တမ်း ရွှေတွေကို ခိုးခဲ့တဲ့သူက မယ်တော်မိဖုရားကြီးပါ။

မုစန်းက ခဏမျှ ငြိမ်သက်သွားပြီးနောက် လူငယ်လေးထံသို့ လက်ပြလိုက်ပြန်သည်။ လူငယ်လေးက ယွိလူကြီးမင်း၏ နံဘေးသို့ လျှောက်သွားလိုက်ပြီး ရယ်မောနေကာ "ယွီသခင်ကြီးက ဒီခရီးကြောင့် ပင်ပန်းနေပြီ ထင်ပါတယ်၊ ငါတို့ ရေသောက်ဖို့ ခဏလောက် အနားယူပြီးမှ ဆက်ဆွေးနွေးရင်ရော"

မုစန်းက တမန်တော်တွေနဲ့ ညှိနှိုင်းဖို့ သူကို ခဏနှင်လွှတ်တာကို သူ သိထားတာကြောင့် သူ ပြောနေတာတွေကို လက်ခံတယ်ဆိုတာ သက်သေပြနေသည်။ ယွိလူကြီးမင်းက မုစန်းဆီသို့ လက်ကို အနည်းငယ်ကွေးပြီး ယဉ်ယဉ်ကျေးကျေး နူတ်ဆက်လိုက်ကာ "ကောင်းပြီ၊ ငါက အကြီးအကဲဆီက သတင်းကို စောင့်နေပါ့မယ်"

ယွိလူကြီးမင်း၏ပုံရိပ် ဂူထဲမှ ပျောက်ကွယ်သွားပြီးနောက်တွင် မောပန်းနွမ်းနယ်နေသော အရိပ်အမြွက်များ ပြည့်နေသည့် အသံက "မင်းတို့ ဘယ်လိုထင်လဲ?"

ဝူကျိက အောက်ငုံ့ကာ မြေပြင်ပေါ်မှ လျှို့ဝှက်စာကို ကောက်ယူလိုက်ပြီး ခဏလောက် ဖတ်ကြည့်ပြီးမှ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။ "တကယ်တော့ မယ်တော်မိဖုရားကြီး အဆိုပြုတဲ့ နည်းလမ်းက တကယ်ကောင်းပါတယ်"

ရန်ကော်က လျှို့ဝှက်စာကို ဖမ်းဆုပ်လိုက်ပြီး ၎င်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့သဘောထားက ဝူကျိနှင့် လုံးဝ ဆန့်ကျင်နေသည်။ "ဘာကို ကောင်းတာလဲ? ငါက ဘာလို့ အဲ့ကောင်းတာကြီးကို မမြင်ရတာလဲ? ငါတို့က အရမ်းကြိုးစားပြီး ရွှေကို ယူခဲ့ပေမယ့် ရွှေတွေရှိလာတော့ မျိုးနွယ်စုဝင်တွေက ပြည်သူတွေဆီကနေ လုယက်ဖို့ မလိုတော့ဘူး၊ ပြီးတော့ ငါတို့မှာ ဓားတွေနဲ့ လေးမြှားတွေလည်း ရှိနေပြီ။ စုလင်းက ကိုင်တွယ်ဖို့ ခက်ခဲမယ်ဆိုပေမယ့် ငါတို့ သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ဘူး။ ဘာလို့ အခုချက်ချင်း စွန့်လွှတ်ရမှာလဲ? ဘယ်လောက်ပဲ ခက်ခက်ခဲခဲ စဉ်းစားနေပါစေ အဲဒါက ထိုက်တန်တယ်လို့ ငါ မထင်ဘူး!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now