Chapter 5.3

602 77 3
                                    

အခန်း ၅ စုလင်း ပြန်လာပြီ (အပိုင်း ၃)

ပင်းလျန့်နှင့် ချီရွှယ်တို့က ယနေ့ညတွင် အဘယ်ကြောင့် ဤမျှထူးဆန်းနေသည်ကို သူ နားမလည်သော်လည်း စုလင်းက ဓားနှစ်ချောင်း၏ လျှို့ဝှက်ချက်ကို အပြင်လူကို မသိစေချင်ခဲ့ပေ။ သူ၏တင်းမာသော အကြည့်စူးစူးများက ကုယွင်၏ခေါင်းကိုကျော်ကာ ကျောက်စားပွဲပေါ်ရှိ ဓားရှည်ကြီးများပေါ်သို့ ရောက်ရှိသွားသည်။ ဓားများက စုလင်း၏ဒေါသကို ခံစားရပုံပေါ်ကာ တောက်ပနေသော အလင်းရောင်များက တဖြည်းဖြည်း မှိန်ကျသွားပြီး အဆက်မပြတ်တုန်ခါနေသောဓားကိုယ်ထည်များကလည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။

သူမ၏ပခုံးမှ နာကျင်မှုကြောင့် ကုယွင်က မျက်မှောင်ကြုတ်သွားသော်လည်း သူမက မအော်ဘဲ အသံတိုးတိုးလေးဖြင့်သာ "လွှတ်ပေး"

တောက်!!! စုလင်း... သူက သတ္တိရှိရှိနဲ့ ငါ့အပေါ်ကို လက်တင်ရဲတယ်ပေါ့...

သူမလေသံက ပေါ့ပါးနေပေမယ့် သူမလက်က သူမခါးမှ ဓားမြှောင်ကို ကိုင်ထားပြီးသားဖြစ်နေကာ သူ သူမကို မလွှတ်ပေးရင် သူမလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ပါဘူး။

ပင်းလျန့်နှင့် ချီရွှယ်တို့က ပုံမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်လိုက်ရသဖြင့် စုလင်းက ကုယွင်ကို အခက်အခဲမဖြစ်စေတော့ဘဲ သူမ၏ပခုံးကို ချုပ်ကိုင်ထားသည့် သူ့လက်ကြီးကို လွှတ်ပေးလိုက်သည်။ ထိုအချိန်တွင် စုလင်းက သူ့ရှေ့မှ အမျိုးသမီး၏ အလွန်ထူးဆန်းသော ၀တ်စားဆင်ယင်မှုကို အနီးကပ်ကြည့်ရှုခွင့်ရခဲ့ပြီး သူမ၏ ဒူးအထိရှိနေသင့်သည့် ရှည်လျားသောဆံပင်များက သူမ၏ခါးအထိ ညှပ်ချခံထားရသည်။ ထိုဆံပင်များကို မည်သည့်အဆင်တန်ဆာမှ မပါပဲ အနောက်ကို ဆွဲသိမ်းကာ ခပ်မြင့်မြင့် ချည်နှောင်ထားကာ သူမဝတ်ဆင်ထားသော အနက်ရောင်အဝတ်အစားများနှင့် လိုက်ဖက်နေပေမယ့် ညနက်သန်းခေါင်မှာ လေးကိုင်းရှည်ကြီးကို ကိုင်ဆောင်ထားပုံက ပြောစရာတောင် မလိုလောက်အောင် ထူးဆန်းနေပုံပါပဲ။

ဘယ်အချိန်က စစ်သူကြီးအိမ်တော်က သူမဆန္ဒအတိုင်း နှစ်သက်သလို သွားလာနိုင်တဲ့ နေရာဖြစ်နေခဲ့တာလဲ? ညဘက်ကင်းလှည့်နေတဲ့ စစ်သည်တွေကို သူ စားနပ်ရိက္ခာပေးထားရတာက ဘာအတွက်လဲ???

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now