Chapter 1.3

673 73 2
                                    

အခန်း ၁ ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီသို့ ခရီးသွားခြင်း (အပိုင်း ၃)

တံခါးဝသို့ ရောက်သောအခါ ကုယွင်၏ခြေလှမ်းများက ရပ်တန့်သွားသည်။

တစ်စုံတစ်ယောက် ရှိနေတာလား?!

သူမက နောက်သို့ ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်လိုက်ချိန်တွင် တံခါးကို တွန်းဖွင့်ခံလိုက်ရပြီး ရှေးခတ်စစ်သည်အဝတ်အစားများ ၀တ်ဆင်ထားသော အရပ်မြင့်မြင့် လူနှစ်ယောက် ဝင်လာသည်။

ကုယွင်က မျက်မှောင်ကြုတ်လိုက်သည်။ အခုခန္ဓာကိုယ်ကြောင့်ပဲလား မသိနိုင်ပေမယ့် သူမ၏ နိုးကြားမှုနှင့် ကာယကြံ့ခိုင်မှုက အရင်ကထက် ပိုမိုဆိုးရွားလာပုံရသည်။ ထူးဆန်းသော လှုပ်ရှားမှုများကို အနီးကပ်လာမှသာ သူမ ကြားနိုင်ခဲ့သည်။ သူမက တိတ်တဆိတ် စိတ်ပျက်နေချိန်တွင် စစ်သည်နှစ်ယောက်က သူတို့ရှေ့မှာ ထိုမိန်းခလေးကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒါပေမယ့် သူမမျက်နှာမှာ အမာရွတ် နှစ်ခုရှိနေတော့ အနည်းငယ် သနားသွားကြသည်။

ကုယွင်က သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး စကားပြောဖို့ အလျင်လိုမနေခဲ့ပေ။

စစ်သည်နှစ်ယောက်က ကုယွင်၏ အေးစက်သောအကြည့်ကို သတိထားမိလာပြီး ရှက်စိတ်ကြောင့် အနည်းငယ် ချောင်းဟန့်လိုက်ကြသည်။ ပြီးတော့ တစ်ယောက်က ‌‌‌ရှေ့သို့ တိုးလာကာ "ထွက်လာခဲ့"

ကုယွင်က မတ်တပ်ရပ်လိုက်ပြီး "ဘယ်သွားရမှာလဲ?"

သူမ ပြန်မေးလာမယ်လို့ မမျှော်လင့်ထားတာကြောင့် စစ်သည်လေးက စိတ်မရှည်တောပဲ "ဒါက စစ်သူကြီးရဲ့ အခန်း၊ မင်းနေဖို့ သင့်တော်တဲ့နေရာ မဟုတ်ဘူး"

မနေ့တုန်းက ရောက်လာတဲ့ ဒီလူက... ဒါက စစ်သူကြီးရဲ့အိမ်တော်ဖြစ်ပြီး အခန်းက သူ့အခန်းလို့ ပြောခဲ့တယ်။ အဲ့တော့ သူက စစ်သူကြီးပေါ့။ ဒါပေမယ့် ဘာအခမ်းအနားမှ မပါဘဲ အနီရောင် မင်္ဂလာဝတ်စုံနဲ့ သူ့ကုတင်ပေါ်ကို ပစ်တင်ခံလိုက်ရတယ်။ အဲ့တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဖြစ်နိုင်တဲ့ အထောက်အထားက... ကိုယ်လုပ်တော်...

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now